Read Time:52 Second
ကဗျာကဏ္ဍ “ချစ်မိုးပြိုင်”
ပျိုးကြဲလက်
တူနှစ်ကိုယ် ဂဟေဆက်ဖို့
မျက်ဝန်းက ဆွဲခေါ်
စက်ကွင်းမှ မလွဲချော်တယ်
ရေစက်နော် မခြား ။
ဘုံဘဝ နှစ်ပါးဆိုင်ရင်
မဝနိုင် ချစ်လိုက်တာများ ။
ပိုးဖဲညွန့် ကတ္တီပါနှယ်
တီတာတာ စကား ။
စစ်မြေမှာ စည်းတွေခြားလို့
မေတ္တာထား ချစ်ဖော် ။
တူနှစ်ကိုယ် ဝေးရရင်ဖြင့်
လေးနှမ လွမ်းရပြီနော် ။
စစ်ရေးက အဆော်
ချစ်ရေးနော် မယ်မေ့
ဘယ်တွေ့တွေ့ စစ်ရင်ဆိုင်
တိုက်ကြလို့မြိုင် ။
ပြည်ငြိမ်းမှ မယ့်ပိုင်ရှင်ရယ်
ချစ်မိုးပြိုင် ရွာနိုင်ငဲ့လေး ။ ။
ပျိုုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၂ ရက် နံနက် ၄ နာရီ ၄ မိနစ်
Thanlwin Myanmar Media