မြင်းခြံမြို့အဝင် အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
မတ်လ ၁၂
မန္တလေးတိုင်း ၊ မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်အရှေ့ဘက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Freedom Fighter Guerilla Force တပ်ဖွဲ့ထံ မှ သိရသည်။
မတ်လ ၁၁ ရက် မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက် အရှေ့ဘက်ရှိစစ်ကောင်စီတပ်သားများ တပ်စွဲထား သော နေရာများကို တော်လှန်ရေးပူးပေါင်းတပ်များမှ Drone များ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် သွားရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြင့် ကြာမြင့်ခဲ့ပြီး စစ် သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း မြင်းခြံမြို့တွင်းမှ စစ်ကူတပ်သားများ ရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Freedom Fighter Guerilla Force တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားပါက ယင်းနေရာသို့ ဖြတ်သန်းသွားလာခြင်းမပြုကြပါရန် မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media