မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး နှင့် စစ်ဘေးဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီများရရှိရေး ဦးစားပေးလုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံရောက် ကင်မ်အဲရစ် (ခ) ကိုထိန်လင်း ပြော
သံလွင်မြန်မာသတင်း
မတ်လ ၁၂
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး နှင့် စစ်ဘေးဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီများရရှိရေး ဦးစားပေးလုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံရောက် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြော ကြားသည်။
အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားသော မိခင်ဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့် မွေးနေ့ ကမ်ပိန်းအတွက် သားငယ် ကိုထိန်လင်းက အမေရိ ကန်ပြည်ထောင်စု ၊ နယူးယောက်မြို့သို့ ထွက်ခွာလာရခြင်းခရီးစဉ်ပတ်သက်၍ ပြောဆိုထားခြင်းဖြစ် သည်။
ကျွန်တော့်ရဲ့ မေမေ့ကို အမြန်ဆုံးလွတ်မြောက်စေချင်တဲ့ မီးတောက်လိုပြင်းပြတဲ့ ဆန္ဒကြောင့် အမေ ရိကားခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ မေမေနဲ့အတူ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အ ကျဉ်းသားတွေ အားလုံးလွတ်မြောက်ဖို့၊ မြန်မာနိုင်ငံရဲ့ စစ်ဘေးခံပြည်သူတွေ အမြန်ဆုံး လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီရရှိဖို့ ဦးစားပေးလုပ်ဆောင်ပြီး အမေရိကားရောက် မြန်မာ နွယ်ဖွားများ၊ ကူညီထောက်ပံ့ပေးသူများနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။” ဟု ကင်မ်အဲရစ် (ခ) ကိုထိန် လင်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် Kim Aris (ခေါ်) ကိုထိန်လင်းက ကို အမေရိကန်ရောက် မြန်မာ ပြည်သူများက လေဆိပ်၌ နွေးထွေးစွာကြိုဆိုခဲ့ကြကြောင်း သိရသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ် သည် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးနှင့် မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ကို နိုင်ငံတကာမှအရေးတကြီး လုပ်ဆောင်ရန် လိုအပ်နေသည်များကို တိုက်တွန်းတောင်းဆိုရန် အ တွက် အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ မြို့၈ မြို့သို့ သွားရောက် မည်ဖြစ်ကြောင်း သိရသည်။
ကိုထိန်လင်းသည် အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်၊ ဘော်စတွန်၊ ဝါရှင်တန် ဒီစီ၊ ဖို့တ်ဝိန်း၊ လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို၊ ဆီဒိုးနားနှင့် အော်စတင်စသည့် မြို့တို့တွင် မြန်မာပြည်ဖွား ဒီမိုကရေစီ ထောက်ခံသူများနှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတကာ၏ ထောက်ခံအားပေးမှုရရှိရန်နှင့် အမေရိကန်နိုင်ငံမှ ပိုမိုထိရောက်သောလုပ်ဆောင်ချက်များလုပ်လာစေရန် တိုက်တွန်းတောင်းဆို သွားမည်ဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media