စစ်တွေမြို့ ဘုန်းကြီးကျောင်းများ၌ ခိုလှုံနေသော စစ်ဘေးရှောင်ပြည်သူများ လျှပ်စစ်မီးမရသဖြင့် UNHCR နှင့် မိတ်ဖက်အဖွဲ့များက ဆိုလာမီးတိုင်များတပ်ဆင်ပေး
သံလွင်မြန်မာသတင်း
မတ်လ ၁၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းများ၌ ခိုလှုံနေသော စစ်ဘေးရှောင်ပြည်သူများမှ လျှပ် စစ်မီးမရပဲ အမှောင်ထဲတွင်နေထိုင်ကြရသဖြင့် UNHCR နှင့်မိတ်ဖက်အဖွဲ့အစည်းများက ဆိုလာမီး တိုင်များ တပ်ဆင်ပေးထားကြောင်း UNHCR က ထုတ်ပြန်သည်။
စစ်တွေမြို့တွင် လျှပ်စစ်မီးမရရှိသောကြောင့် ဘုန်းကြီးကျောင်းများတွင်ခိုလှုံနေကြသော နေရပ်စွန့် ခွာ မိသားစုများသည် အမှောင်ထဲတွင်နေထိုင်နေကြရကြောင်း၊ အန္တရာယ်ကင်းစေရန်နှင့် ဂုဏ်သိက္ခာ ရှိရှိ နေထိုင်နိုင်စေရန် UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် solar မီးတိုင်များ တပ်ဆင်ပေး ခြင်းအားဖြင့် နေရပ်စွန့်ခွာနေရသူများ လုံခြုံစိတ်ချစွာ သွားလာနေထိုင်နိုင်ရန် ပံ့ပိုးကူညီပေးထားပါ ကြောင်း UNHCR က ထုတ်ပြန်ထားခြင်းဖြစ်သည်။
စစ်တွေမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် အာရက္ခတပ်တော် -AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ မတ်လ ၁၀ ရက်နေ့က စစ်တွေမြို့နယ် ဝါဘိုကျေးရွာနှင့် ကင်းမော်ကျေးရွာအနီး တဝိုက် တွင် တိုက်ပွဲခဲ့ပြီး အာရက္ခတပ်တော်၏ ထိုးစစ်မှာ သုံးဆောင်ရွာ၊ ရွှေမင်းဂံရေတပ်စခန်းအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
“စစ်တွေတိုက်ပွဲက မနေ့က ကြားရသလောက်တော့ သုံးဆောင်ရွာ၊ ရွှေမင်းဂံရေတပ်စခန်းအနီးသို့ ရောက်နေပြီလို့ ကြားရတယ်။ ဝါဘိုအနီးက စစ်ကောင်စီတပ်တွေဟာ နောက်ဆုတ်လာပြီးတော့ အခု သုံးဆောင်ရွာဘက်မှာ တိုက်ပွဲပြင်းထန်နေတယ်။ ဗျိုင်းဖြူရွာဘက်ကိုလည်း စစ်ကောင်စီတပ်တွေ ဆုတ်လာတယ်လို့ သိရတယ် ၊ ရွှေမင်းဂံရေတပ်စခန်း၊ ဗျိုင်းဖြူရွာနဲ့ ကျေးတောဘက်တွေမှာ စ စ်ကောင်စီက တပ်စခန်းတွေ အခိုင်အမာကို တည်ဆောက်ထားတာ။ ရွှေမင်းဂံရေတပ်စခန်းဆို နေဗီ တွေ အများကြီးနဲ့ ထိုင်ထားတာ။ တိုက်ပွဲ ဒီထက် ပိုပြင်းထန်လာဖို့ ရှိတယ်။” ဟု ဒေသနေပြည်သူ တစ်ဦး ပြောဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့ တောင်ဒေသများသို့ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းဗုံးကြဲခြင်းများကို ပြုလုပ်နေသဖြင့် ပြည်သူများထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်အအုံများ ပျက်စီးမှုရှိကြောင်း သိရသည်။
စစ်တွေမြို့တွင်လည်း စစ်ဘေးသင့် ဒုက္ခသည် ၈၀၀၀ ကျော်အပါအဝင် ပြည်သူများ သောင်းချီ ပိတ် မိနေကြပြီး ငွေကြေးတတ်နိုင်သူများက ရန်ကုန်ဘက်သို့ ရွှေ့ပြောင်းနေကြကြောင်း သိရသည်။
စစ်တွေနှင့် ကျောက်ဖြူမှ ဒေသခံပြည်သူများအနေဖြင့် လွတ်မြောက်နယ်မြေသို့ ရွှေ့ပြောင်း နေထိုင် ကြရန် အာရက္ခတပ်တော် AA က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့သည်။
Thanlwin Myanmar Media