တောင်သာမြို့နယ်၊ အေးကြင်းရွာ၊ ဘုရားဝန်းအတွင်းသို့ စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ အမျိုးသမီး ၁ ဦး သေဆုံးပြီး ဓမ္မာရုံပျက်စီး
သံလွင်မြန်မာသတင်း
မတ်လ ၁၂
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ အေးကြင်းရွာဘုရားဝန်းအတွင်းသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူအမျိုးသမီး ၁ ဦးသေဆုံးပြီး ဓမ္မာရုံပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီထံမှ သိရသည်။
မတ်လ ၁၀ ရက် ညနေ ၃ နာရီ မိနစ် ၂၀ က တောင်သာမြို့နယ်၊ ပန်းပေါင်းအုပ်စု ၊ အေးကြင်းကျေး ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီမှ ဘုရားဝန်းအတွင်းရှိ ဓမ္မာရုံ အား လေ ကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူအမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၁ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိကာ ဓမ္မာရုံအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းအသုံးပြုကာ အပြစ်မဲ့ပြည်သူများနေထိုင်ရာ ကျေးရွာ များကို ပစ်မှတ်တိုက်ခိုက်နေသောကြောင့် မိဘပြည်သူများ အနေဖြင့် လေယာဉ်သံ၊ စက်တပ်လေထီး သံ ကြားပါက ဗုံးခိုကျင်းများအတွင်း၌ ပုန်းခိုနေထိုင်ပေးကြပါရန် တောင်သာလူထု လှုပ်ရှားမှု ကော်မ တီ က တိုက်တွန်းထားသည်။
၂၀၂၁ ခုနှစ်၊ အာဏာသိမ်းချိန်မှစ၍ ယနေ့ကာလအထိ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများနှင့် တော်လှန်ရေးအင်အားများမှ ၂၂၇၇ ဦး ၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ၁၃၉ ဦး နှင့် စက်တပ်လေထီးဖြင့် တိုက်ခိုက်မှုကြောင့် ၃၀ ဦး ကျဆုံးခဲ့ခဲ့ရာ စုစုပေါင်း ကျဆုံးသူ ၂၄၄၆ ဦးရှိသွားပြီဖြစ်ကြောင်း Spring Revolution Database – SRD ထံမှ သိရသည်။
Thanlwin Myanmar Media