International News

0 0
Read Time:4 Minute, 43 Second

အကြမ်းဖက်စစ်အုပ်စု အသေအချာ ကျရှုံးနေပြီး တော်လှန်ရေးအင်အားစုများက အနိုင်ရရှိနေဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

 

သံလွင်မြန်မာသတင်း

မတ်လ ၁၂

 

အကြမ်းဖက်စစ်အုပ်စု အသေအချာ ကျရှုံးနေပြီး တော်လှန်ရေးအင်အားစုများက အနိုင်ရရှိနေ ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

မတ်လ ၆ ရက်နေ့တွင် Asia Society က ကျင်းပသည့် မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများနှင့် အခွင့်အလမ်း များ (Myanmar/Burma 2025: Challenges and Opportunities) ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲ၌ ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ အကူအညီအများကြီးလိုအပ်ပါတယ်။ ကျနော်တို့ ပြည် သူတွေက ကြံ့ကြံ့ခံပြီး အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်နေပါတယ်။ပြည်သူတွေရဲ့ ကြံ့ကြံ့ခံ တွန်း လှန်မှုများကြောင့် ကျနော်တို့ အနိုင်ရနေပြီး အကြမ်းဖက်စစ်အုပ်စုက ကျရှုံးနေတယ်ဆိုတာကို ကျ နော် အသေအချာ ပြောနိုင်ပါတယ်။ ကျနော်တို့ တော်လှန်ရေးက သုညကနေစခဲ့တဲ့ တော်လှန်ရေး ဖြစ်ပါ တယ်။ အခုဆိုရင် ကျနော်တို့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များနှင့် တိုင်းရင်းသားတော် လှန်ရေး လက်နက်ကိုင်အဖွဲ့တွေက နယ်မြေ၅၀ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီးဖြစ်ပါ တယ်။” ဟု မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

ထို့အပြင် ဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုး ထွန်းက မြန်မာနိုင်ငံလက်ရှိအခြေအနေ၊ နိုင်ငံတကာအခန်းကဏ္ဍ၊ အာဆီယံအခန်းကဏ္ဍ စသည့် အ ကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး မြန်မာပြည်သူများ၊ မြန်မာနိုင်ငံ၏မိတ်ဆွေများကို တော်လှန်ရေးတွင် ဆက်လက်ပါဝင်ထောက်ခံပေးကြရန်အတွက်လည်း တောင်းဆိုခဲ့ကြောင်း သိရ သည်။

 

“ကျနော်တို့ တော်လှန်ရေးက ပြည်သူကို ဗဟိုပြုတဲ့၊ ပြည်သူကို ဦးတည်ထားတဲ့ တော်လှန်ရေးဖြစ်ပါ တယ်။ ဒီတော်လှန်ရေးမှာ လူငယ်တွေရဲ့ပါဝင်မှု ဒါအပြင် ဆိုရှယ်မီဒီယာ၊ နည်းပညာများရဲ့ အ ထောက်အပံ့တွေကြောင့် တော်လှန်ရေးကိုပိုပြီးရှေ့ရောက်စေတာပါ။ ဒါတွေကြောင့်ပဲ ကျနော်ဒီနေ့ လို ဆွေးနွေးပြောဆိုခွင့် ရတာပါ။ မြန်မာပြည် ပြည်တွင်းမှာရှိနေတဲ့ပြည်သူများ၊ မြန်မာပြည် ပြင်ပမှာ ရှိနေတဲ့ပြည်သူများ၊ အထူးသဖြင့် လူငယ်များနှင့် မြန်မာနိုင်ငံရဲ့မိတ်ဆွေများကို ကျေးဇူးအများကြီး တင်ပါတယ်။ ၄ နှစ်တာကာလအတွင်း သူတို့တွေရဲ့ ကြံ့ကြံ့ခံတွန်းလှန်မှုများကြောင့် ကျနော်တို့ တော်လှန်ရေးက အောင်မြင်မှုတွေရရှိလာတာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်ဒီနေ့အခွင့်ရတုန်းမှာ သူတို့အားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ အားလုံးရဲ့ ပါဝင်မှု၊ ကြံ့ကြံ့ခံမှုများကို ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့ပါဝင်မှု၊ ထောက်ခံမှု၊ ကြံ့ကြံ့ခံမှုများကို ဆက်လက်လိုအပ်နေပါသေးတယ်။ ဒါကြောင့်ဘယ် နည်းလမ်းများနှင့်မဆို ကျနော်တို့ မြန်မာပြည်သူများအတွက်၊ ကျနော်တို့ မြန်မာပြည်တော်လှန်ရေး အတွက် ဆက်လက် ပါဝင်ပေးကြပါ၊ ထောက်ခံပေးကြပါ။ အတူတကွတွန်းလှန်လျှင် ကျနော်တို့ အနိုင်ရမှာသေချာပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုး ထွန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်၊ အထူးအကြံပေးပုဂ္ဂိုလ် ပါမောက္ခ Sean Turnell နှင့် Asia Society ၏ Executive Vice President and Chief Operating Officer Debra Eisenman တို့တက်ရောက်ဆွေးနွေးခဲ့ကြပြီး အမေရိကန်သံရုံး အရာရှိချုပ်ဟောင်း Priscilla Clapp က အွန်လိုင်းမှတဆင့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *