ညဘက် သူငယ်ချင်းများနှင့်အတူ ဂစ်တာတီးနေစဉ် အရပ်ဝတ်စစ်သားများက ဖမ်းဆီးခဲ့ဟု တသ စိုးလင်းအောင် ထွက်ဆို (ရုပ်သံ)
သံလွင်မြန်မာသတင်း
မတ်လ ၁၂
ရန်ကုန်မြို့တနေရာ၌ ညဘက် သူငယ်ချင်းများနှင့်အတူ ဂစ်တာတီးနေစဉ် အရပ်ဝတ်ဖြင့် စစ်သား များ လာရောက်ဖမ်းဆီးပြီး ဒညင်းကုန်းစစ်သား စုဆောင်းရေးတပ်သို့ ပို့ဆောင်ခံခဲ့ရကြောင်း တသ စိုးလင်းအောင်က ဝန်ခံထွက်ဆိုသည်။
“ညဘက် ကျနော်တို့ သူငယ်ချင်းတွေ အပြင်မှာ ဂစ်တာထိုင်တီးနေရင်းနဲ့ အရပ်ဝတ်နဲ့ လူလေး ငါး ယောက်လောက်က ကားနဲ့လာဆွဲခေါ်သွားတာပါ။ နောက်ပြီးတော့ ဒညင်းကုန်းစုဆောင်းရေးကို ပို့ပါ တယ်။” ဟု တသစိုးလင်းအောင်က ပြောကြားသည်။
ထိုသို့ စစ်တပ်အတွင်း ထည့်သွင်းခံရပြီးနောက် အောင်ဇေယျစစ်ဆင်ရေး ရှေ့သို့ ပို့ဆောင်ခံခဲ့ရကာ အငတ်ငတ်အပြတ်ပြတ်ဖြစ်နေပြီး အထက်အရာရှိများ၏ ဖိနှိပ်မှုကို မခံနိုင်တော့သဖြင့် ထွက်ပြေး လာကာ KNLA ထံအလင်းဝင်ခဲ့ကြောင်း သိရသည်။
မေး = အမည် ၊ ကိုယ်ပိုင်အမှတ်၊ ရာထူး၊ တာဝန်၊ မိခင်တပ်ရင်းအမည်ကို ပြောပြပါ။
ဖြေ = တပ်မ ၅၅ လက်အောက်ခံ ခလရ ၃ ၊ တသ စိုးလင်းအောင်ပါ။
မေး = စစ်တပ်ထဲကို ဘယ်လိုအကြောင်းကြောင်း ဝင်ရောက်လာလဲ။
ဖြေ = ညဘက် ကျနော်တို့ သူငယ်ချင်းတွေ အပြင်မှာ ဂစ်တာထိုင်တီးနေရင်းနဲ့ အရပ်ဝတ်နဲ့ လူလေး ငါးယောက်လောက်က ကားနဲ့လာဆွဲခေါ်သွားတာပါ။ နောက်ပြီးတော့ ဒညင်းကုန်းစုဆောင်းရေးကို ပို့ပါတယ်။
မေး = ဘယ်လိုအကြောင်းကြောင့် အလင်းဝင်ရတာလဲ။
ဖြေ = ကျနော်တို့ ဟိုမှာ ထမင်းတွေ မစားရ၊ မသောက်ရနဲ့ ငတ်ပြတ်ပြီးတော့ ၊နောက်ပြီးတော့ ဟို ဘက်မှာလည်း ရောဂါဖြစ်တာကို ဆေးကုမပေးတာနဲ့၊ နောက်ပြီးရင် စားဖို့သောက်ဖို့ရိက္ခာတွေလည်း လာမပို့ပေးတာနဲ့ အလင်းလာဝင်တာပါ။
မေး = စစ်တပ်ထဲမှာ အထက်အောက် ဘယ်လိုခွဲခြားဆက်မှုမျိုးရှိလဲ။
ဖြေ = ကျနော်တို့ရဲဘော်တွေက ဖိနှိပ်မှုကတော့ တော်တော်ခံရပါတယ်။ ရဲဘော်တွေတော်တော်များ များက အလင်းဝင်ချင်တဲ့သူတွေများတယ်။ နောက်ပြီးတော့ ပြောမယ်ဆိုရင် ဖိနှိပ်မှုတွေ မတရား များလွန်းလို့ အလင်းဝင်ချင်တဲ့ စိတ်တွေ ပြင်းပြနေတာပါ။
မေး = စစ်တပ်ထဲမှာ ကျန်နေသေးတဲ့ သူငယ်ချင်းတွေကို ဘယ်လိုသတင်းစကားပါးချင်လဲ။
ဖြေ = အမြန်ဆုံးအလင်းလာဝင်ပါလို့ ဒီကနေ ဖိတ်ခေါ်ချင်ပါတယ်။
မေး = အကြမ်းဖက်စကစ စစ်တပ်ကို ဘယ်လိုသဘောထားအမြင်ရှိလဲ။
ဖြေ = ဖိနှိပ်မှုက မတရားများတာ။ ရိက္ခာတစ်ခု လာပို့ပြီဆိုရင်တောင်မှ ရဲဘော်တွေကို ကျွေးတာ မဟုတ်ဘူး။ သူတို့အကြီးအကဲတွေပဲ အများဆုံးစားတာ၊ နောက်ပြီးရင် တစ်ခုခုဖြစ်ရင်တောင်မှ ရဲဘော်တွေပဲ အများဆုံးထိုးကျွေးကြတာ။ အဲဒါကြောင့် ရဲဘော်တွေ တော်တော်များများက အကြီး အကဲတွေကို စိတ်နာကြတာများတယ်။
မေး = KNLA တပ်ဖွဲ့ထဲရောက်တော့ ဘယ်လိုကြိုဆိုလဲ။
ဖြေ = ဖော်ရွေစွာနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကျနော်တို့ကို ကြိုဆိုပါတယ်။
မေး = မိသားစုကို ဘယ်လိုသတင်းစကားပါးချင်လဲ။
ဖြေ = မိသားစုကိုလည်း ကျနော် ဒီမှာနေရတာ အဆင်ပြေပါတယ်လို့ အကုန်လုံး အစစအရာရာ ဒီက ထောက်ပံ့ပေးတဲ့အတွက် ၊အကုန်လုံးဘာမှ လိုလေသေးမရှိအောင် စားရသောက်ရပါတယ်လို့ ပြောချင်ပါတယ်။
Thanlwin Myanmar Media