International News

0 0
Read Time:6 Minute, 57 Second

အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း – MOGE အပေါ် ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့အရေးယူ

 

သံလွင်မြန်မာသတင်း

မတ်လ ၁၂

 

အကြမ်းဖက်စစ်အုပ်စုက ထိန်းချုပ်ချုပ်ထားသည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း – MOGE အပေါ် ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်း Justice For Myanmar – JFM ထံမှ သိရသည်။

 

ယခုဒဏ်ခတ်ပိတ်ဆို့မှုများသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဥရောပသမဂ္ဂ (အီးယူ) က စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ် ခတ်ပိတ်ဆို့မှုများချမှတ်ပြီးနောက်တွင် လိုက်ပါလုပ်ဆောင်လိုက်ခြင်း ဖြစ်ပြီး ထိုသို့ လိုက်ပါလုပ် ဆောင်သည့်အပေါ် Justice For Myanmar က ကြိုဆိုကြောင်း အသိပေးထားသည်။

 

“အီးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ကိုက်ညီနေတဲ့ မြန်မာနိုင်ငံက MOGE ကို နောက်ဆုံးမှာ ဒဏ်ခတ် ပိတ်ဆို့ဖို့ ဆွစ်ဇာလန်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ဒီလိုချမှတ်လိုက်ခြင်းက အီးယူဒဏ်ခတ် ပိတ်ဆို့မှုတွေထဲက အရေးကြီးတဲ့ ကယ်ပေါက်တစ်ခုကို ပိတ်လိုက်နိုင်ပြီး၊ လေးနှစ်ကျော်ကြာ အ ကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိကြောင်း သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။ စစ်အုပ်စုက ဓါတ်ငွေ့ဝင် ငွေတွေ ကို နိုင်ငံတကာရာဇဝတ်မှုတွေမြောက်တဲ့ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လေ ကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နိုင်ဖို့ စစ်လက်နက်တွေနဲ့ လေယာဉ်ဆီတွေ ဝယ်ယူရာမှာ အသုံးပြုနေပါတယ်။ ကနေဒါ၊ ယူကေနဲ့ ဩစတြေးလျနိုင်ငံတို့ ကလည်း ဆွစ်ဇာလန်ရဲ့လမ်းကြောင်းအတိုင်း လိုက်ပါပြီး MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အလျင်အမြန် လုပ်ဆောင်ဖို့ တောင်းဆိုပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံသည် ၎င်းတို့တစ်နိုင်ငံတည်းအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းထက် အီး ယူ၊ ကုလသမဂ္ဂ၊ ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) တို့က ကုန်သွယ်မှု ပိတ် ပင် ရေး ဥပဒေမှတဆင့် ချမှတ်ထားသည့် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများကိုသာ အကောင်အ ထည် ဖော်လေ့ရှိကြောင်း သိရသည်။

 

ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍသည် စစ်အုပ်စုအတွက် နိုင်ငံခြားငွေဖြင့် အခွန်ဝင်ငွေအများဆုံး ရှာ ဖွေပေးနေသည့် ရင်းမြစ်တစ်ခု ဖြစ်ပြီး စစ်အုပ်စု ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုနှင့် လူသား မျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် လိုအပ်သည့် စစ်လက်နက်များ၊ လေယာဉ်ဆီ နှင့် အခြားအထောက်အကူပြုပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုကြောင်း၊ စစ်အုပ်စု၏ အချက်အ လက်များအရ မြန်မာ့သဘာဝဓါတ်ငွေ့တင်ပို့မှုမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ ၃ လ အတွင်းပင် အမေရိ ကန် ဒေါ်လာ ၈၄၁.၇ သန်းရှိခဲ့ကြောင်း သိရသည်။

 

MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ရန် ဆွစ်ဇာလန်၏ ဆုံးဖြတ်ချက်သည် Justice For Myanmar မှ သတင်းအချက်အလက်သိရှိပိုင်ခွင့်အရ တောင်းဆိုချက်၊ မတ်လ ၇ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ် ပြန်ချက်၊ Tages-Anzeiger ၏ သတင်းဖော်ပြမှုများမှတဆင့် အစိုးရအပေါ် ဖိအားပေးတောင်းဆိုမှု များ လုပ်ဆောင်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်ပြီး မြန်မာပြည်သူများအပေါ် ကျူးလွန်လျက်ရှိ သည့် အကြမ်းဖက်စစ်ဆင်ရေးအတွက် ဘဏ္ဍာငွေဖြည့် တင်းရန် ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍမှ ဘဏ္ဍာငွေ ရှာဖွေရရှိနေနိုင်သည့် စစ်အုပ်စု၏ ကယ်ပေါက်တစ်ခုအား ပိတ်ပင်ရာတွင် အရေးပါ ကြောင်း JFM က ပြောဆိုသည်။

 

၂၀၂၄ ခုနှစ်၊ မတ်လ၊ ၂၃ ရက်နေ့တွင် Justice For Myanmar သည် သတင်းအချက်အလက် သိရှိပိုင် ခွင့်ဥပဒေအရ “ဆွစ်ဇာလန်အနေဖြင့် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ် ခတ်ပိတ်ဆို့မှုများအား အကောင်အထည်ဖော်သင့်ကြောင်း ဖက်ဒရယ်ကောင်စီအတွက် အကြံပြုရန် ပြင်ဆင်ထားသည့် စာရွက်စာတမ်း အားလုံးကို” ပြသပေးရန် စီးပွားရေးရာ အတွင်းဝန်ရုံး (SECO) ထံ တောင်းဆိုလွှာတစ်စောင် တင်သွင်းခဲ့ကြောင်း သိရသည်။

 

သတင်းအချက်အလက်သိရှိပိုင်ခွင့်အရ တောင်းဆိုမှုမှရရှိလာသည့် စာရွက်စာတမ်းများအရ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရန် ဆွစ်ဇာလန်၏ ဆုံးဖြတ်ချက်သည် ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်ကွက်များကို ပိတ်သိမ်းရေးအတွက် အီးယူဒဏ်ခတ်ပိတ်ဆို့မှုများရှိ လုပ်ပိုင်ခွင့်ရုပ်သိမ်းမှုများအား အကောင်အထည်ဖော်ဖို့ရာ ဆွစ်ဥပဒေများအား ပြင်ဆင်ရန် လိုအပ်မည်ဖြစ်ခြင်းကြောင့် ယင်းကို ရှောင်ရှားရန်အတွက် ဖြစ်ကြောင်း သိရသည်။

 

ဆွစ်ဘဏ်များသည် မြန်မာ့နိုင်ငံပိုင်ဘဏ်များနှင့် သမိုင်းစဉ်လာဆက်နွှယ်မှုများ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် အစီရင်ခံစာတွင် MOGE က နိုင်ငံတကာငွေလွှဲမှုများအတွက် အသုံးပြုသည့်၊ လက်ရှိစစ်အုပ်စု ထိန်း ချုပ်ထားသော မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ်သည် ဆွစ်ဇာလန်နိုင်ငံတွင် အပြန်အလှန် ငွေလွှဲ ဘဏ် စနစ် ဆက်ဆံရေးများ ရှိထားကြောင်း ရေးသားထားသည်။

 

ဆွစ်အာမခံလုပ်ငန်းများသည်လည်း မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍနှင့် ဆက်နွှယ်မှုများရှိပြီး ဆွစ်အခြေစိုက်ကုမ္ပဏီ Infrassure သည် ၂၀၂၁ ခုနှစ်တွင် တရုတ်-မြန်မာ သဘာဝဓါတ်ငွေ့ ပိုက် လိုင်း အတွက် ထပ်ဆင့်အာမခံကုမ္ပဏီအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း Justice For Myanmar သို့ မျှဝေသည့် လျှို့ဝှက်ပေါက်ကြားလာသော စာရွက်စာတမ်းတစ်ခုအရ သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *