မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းစံပြကျေးရွာရှိ ကျောက်တောင်စု အုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးနိုင်
သံလွင်မြန်မာသတင်း
မတ်လ ၁၂
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းစံပြကျေးရွာရှိ ကျောက်တောင်စု အုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးနိုင်ကြောင်း Civilian Military -SRDF ထံမှ သိရသည်။
ယမန်နေ့ မတ် ၁၁ ရက် ည ၈ နာရီ ၄၁ မိနစ်က မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းစံပြကျေးရွာရှိ ကျောက်တောင်စု အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသော စစ်သား၊ ပျူစောထီး၊ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ၄၀ မမ ဂရမ်နိတ်စ် (Pading – ပဒင်း)ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးထက်မနည်းသေဆုံးပြီး အုပ်ချုပ်ရေးမှူးရုံး ကာကင်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးတပ်မတော် စစ်ဆင်ရေးတပ်ဖွဲ့ Civilian Military -SRDF နှင့် ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယင်းအုပ်ချုပ်ရေးမှူးရုံးသည် အကြမ်းဖက်စစ်ကောင်စီအလိုကျ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက် သွင်းကာ လူငယ်များကို အတင်းအဓမ္မဖမ်းဆီးခြင်း၊ စစ်တပ်အတွင်းမဝင် မနေရ ခြိမ်းခြောက် ဖိအား ပေးခြင်း၊ အတင်းအဓမ္မငွေကြေးကောက်ခံခြင်းတို့ လုပ်ဆောင်နေသော စစ်ရေးဖြင့် အရေးယူ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media