Poem

0 0
Read Time:1 Minute, 5 Second

ကဗျာကဏ္ဍ “တပ်ပျက်မယ့်လမ်း”

 

ပျိုးကြဲလက်

 

ရွှေတပ်တော် တည်စဦးက

ထူးခြားတဲ့ စရိုက်ဆောင် ။

 

အာဏာ့နွံ မကျွံနစ်လို့

ပြည်ချစ်တဲ့မောင် ။

 

တပ်တော်သားနဲ့ သူ့ဂုဏ်ရောင်

သွေးပြောင်ပြောင် ထည်သေး ။

 

နိုင်ငံမှာ အောင်လံထပ်တယ်

ပြည့်လွတ်လပ်ရေး ။

 

ပြည်သူ့ရန် ကာကွယ်ပေးလို့

အေးချမ်းတဲ့ ဘဝရယ် ။

 

စစ်သည်မှာ ပနံသင့်ပေါ့

ကျင့်ဝတ်ခြောက်ဆယ် ။

 

သွားလမ်းတို့ သာလှတယ်

ပြန်လမ်းဝယ် ရွှင်ပြုံး ။

 

တေးကဗျာ လင်္ကာမြတ်တို့

ရေးစပ်သီကုံး ။

 

တပ်ကိုချစ်ရင် မဖောက်ပြားနဲ့

မှောက်မှားမိက ပြင်ကြစေ ။

 

ရဲမက်အထွေထွေ ထိန်းကွပ်အားက

ကျင့်ဝတ်များပေ ။

 

အရာရှိတို့ ဖောက်ဖျက်လေ

ငယ်သားတွေ ဆင့်ကမ်း ။

 

ကြာလေလေ အနေခက်လို့

တပ်ပျက်မယ့်လမ်း ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၉ ရက် မွန်းလွဲ ၂ နာရီ ၃၁ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *