ထားဝယ်မြစ်အတွင်း၌ စစ်တပ်သင်္ဘောကို တိုက်ခိုက်မှု RPG ထိမှန်ကာသင်္ဘောမီးလောင်ပြီး စစ်သား ၂၀ ကျော်သေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
မတ်လ ၁၁
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်မြစ်အတွင်း၌ စစ်တပ် သင်္ဘော ၁ စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ RPG ထိမှန်ကာသင်္ဘောမီးလောင်ပျက်စီးခဲ့ပြီး သင်္ဘောပေါ်ပါ စစ်သား ၂၀ ကျော် သေ ဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်ပေါင်းစုထံမှ သိရဿည်။
ယမန်နေ့ မတ်လ ၁၀ ရက် ည ၁၁ နာရီခန့်က ထားဝယ်မြို့မှ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင် ဆိပ် ကမ်းသို့ ထားဝယ်မြစ်အတိုင်းစုန်ဆင်းလာသော စစ်တပ်သင်္ဘော ၁ စီးကို ထားဝယ်ခရိုင်ပေါင်စုမှ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး သင်္ဘော ကို RPG ထိ မှန်ကာ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ သင်္ဘောမီးလောင်ပျက်စီးမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့်စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထားဝယ်မြစ်ကြောင်းအတွင်း ဖြတ်သန်းသွားလာနေသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားနှင့်အတူ လိုက်ပါ ခြင်း၊ စစ်ကောင်စီတပ်သားအနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြပါရန် အသိပေးထားသည်။
Thanlwin Myanmar Media