နွားထိုးကြီးတိုက်ပွဲအတွင်း လေကြောင်းပစ်ကူယူကာ ထွက်ပြေးသွားသည့် စစ်သားများအနက် ဝက်လူးရဲစခန်းအရောက်တွင် ၂၀ ဦးထပ်မံသေဆုံး၊ သေဆုံးစစ်သား စုစုပေါင်း ၄၇ ဦးရှိဟုဆို
သံလွင်မြန်မာသတင်း
မတ်လ ၁၁
မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ်တိုက်ပွဲအတွင်း လေကြောင်းပစ်ကူယူကာ ထွက်ပြေးသွားသည့် စစ်သားများ အနက် ဝက်လူးရဲစခန်းအရောက်တွင် ၂၀ ဦးထပ်မံသေဆုံးပြီး စုစုပေါင်း သေဆုံးသူ ၄၇ ဦး ရှိကြောင်း Natogyi People Defence Force က ထုတ်ပြန်သည်။
မတ်လ ၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်မ ၁၀၁ လက် အောက်ခံ ခလရ -၂၃၅ ၊ တံတားဦးလေကြောင်းရန် ကာကွယ်ရေးတပ်နှင့် တံတားဦး မှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဗျူ ဟာ-မှူး -ဇေ-ယျာ-အောင်၊ ဗိုလ်-မှူး-ဝင်း-လှိုင်-ဦးနှင့် ဗိုလ်-မှူး-မင်း-ကျော်-အောင်တို့ ဦးစီးပြီး နွား ထိုးကြီး မြို့နယ် ၊ ဝက်လူးရဲစခန်းမှ ကျားတွင်းဘိုးကျေးရွာဘက်သို့ အင်အား ၂၀၀ ခန့်ဖြင့် စစ် ကြောင်းထိုးလာ ခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကျားတွင်းဘိုးကျေးရွာ အနီး တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ နံနက် ၉ နာရီမှစ၍ ဝိုင်းပတ်တိုက်ခိုက်ချေမှုန်းခဲ့ရာ အ ကြမ်းဖက်စစ်သားများ အထိနာပြီး ၆၀ မမ၊ ၈၁ မမ လက်နက်ကြီး ပစ်ကူပေးခဲ့သည့်အပြင် Jet Fighter လေယာဉ်ဖြင့် ၅ ကြိမ်ပစ်ကူပေးပြီး ဝက်လူးရဲစခန်းသို့ ဒရောသောပါးဖြင့် ဆုတ်ခွာထွက်ပြေး သွားကြောင်း၊ ယင်းတိုက်ပွဲသည် ညနေ ၄ နာရီအထိ ကြာမြင့်ခဲ့ကြောင်း သိရဿည်။
ထိုသို့ တိုက်ခိုက်ချေမှုအတွင်း စစ်သား အလောင်း ၂၇ လောင်း ၊ လက်နက် ၄၄ လက်နှင့် ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့သည့်အပြင် သည့်အပြင် ဗိုလ်-မှူး-ဝင်း-လှိုင်-ဦး၊ ဗိုလ်-ကြီး-အောင်-ကို-ကို အပါအဝင် စစ်သုံ့ပန်း ၁၄ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ဝက်လူးခရစခန်းသို့ ထွက်ပြေးသွားသော စစ်သားများ အနက် ၂၀ ဦးထပ်မံသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့ မတ်လ ၁၁ ရက် နံနက်ပိုင်းတွင် ဝက်လူးရဲစခန်းမှ အလင်းဝင်လာ သည့် စစ်သား ၂ ဦးထံမှ သိရှိရကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force NPDF မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း ၊ အမှတ် ၁ဝ တပ်ရင်းနှင့် နွားထိုးကြီးမြို့နယ် ပကဖ တို့ ပူးပေါင်းကာ နွားထိုးကြီးမြို့နယ် ပကဖ ရဲ ဘော် ၃ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး နွားထိုးကြီးမြို့နယ် ပကဖရဲဘော် ၃ ဦး၊ NPDF မှ ရဲ ဘော် ၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media