Shan State News

0 0
Read Time:5 Minute, 12 Second

နောင်ချို၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းဖြင့်ဗုံးကြဲမှုများကြောင့် အရပ်သား ၁၇ ဦးသေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိကာ အ ဆောက်အဦး ၈၅ လုံး ပျက်စီး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၁

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းဖြင့်ဗုံးကြဲမှုများကြောင့် အရပ်သား ၁၇ ဦးသေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိကာ အ ဆောက်အဦး ၈၅ လုံး ပျက်စီးခဲ့ကြောင်း ရှမ်း လူ့အခွင့်အရေးမဏ္ဍိုင် -SHRF က ထုတ်ပြန်သည်။

 

ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နောင်ချို၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေ ကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဖြင့်ဗုံးကြဲမှုများကြောင့် အရပ်သား ၁၇ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ ဆေးရုံ ၁ ရုံးနှင့် ကျောင်း ၁ ကျောင်း အပါအဝင် အဆောက်အဦး ၈၅ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီက ဖေဖော်ဝါရီလလယ်တွင် နောင်ချိုမြို့နယ်တောင်ပိုင်း တောင်းခမ်းအနီးရှိ ၎င်းတို့၏ စခန်း များကို ပြန်လည်ထိန်းချုပ်နိုင်ရန် ထိုဒေသကို အပြင်းထန်ဆုံးသော လေကြောင်းတိုက်ခိုက်မှု များ ပြုလုပ်ခဲ့ကြောင်း၊ ကူမင်းတွင် တရုတ်ဦးဆောင်ပြီး TNLA နှင့် စစ်ကောင်စီ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေသည့် အချိန်မှာပင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းတွေ့ဆုံဆွေးနွေးမှုသည် ရလာဒ်မထွက်ပဲ ပြီးဆုံးခဲ့ပြီးနောက် ရက် အနည်းငယ်အကြာ ဖေဖော် ဝါရီ ၁၉ ရက်နေ့တွင် စစ်ကောင်စီက နောင်ချိုမြို့ကို ဗုံးကြဲခဲ့သဖြင့် ဆေးရုံ ၁ ရုံထိခိုက်ပျက်စီးပြီး အ ရပ်သား ၃ ဦးသေဆုံးကာ အခြား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီ၏ နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများသည် တရုတ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ အနီးတွင် ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း အသိပေးထားသည်။

 

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စစ်ကောင်စီက ပိုက်လိုင်းနှင့် ၁ ကီလိုမီတာအကွာတွင်ရှိသော အုန်း မောက်ဒီကျေးရွာကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သဖြင့် အုမ္မသီးဘုန်းကြီးကျောင်း မီးလောင်ပြာကျခဲ့ ကြောင်း၊ ထိုနေ့မှာပင် စစ်ကောင်စီက ပိုက်လိုင်းအနီးတွင်ရှိသော ဆမ္မဆယ်နှင့် ဘန့်ဘွေးကျေးရွာတို့ ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၄ ရက် နေ့လည်ပိုင်းတွင် စစ် ကောင်စီက အုမ္မသီးကျေးရွာရှိ ပြည့်ဖြိုးစားသောက် ဆိုင်ကို ဗုံး၂ လုံး ကြဲချခဲ့သဖြင့် ထိုစားသောက်ဆိုင်နှင့် နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ မတ် လ ၅ ရက်နေ့မှ ၇ ရက်နေ့အတွင်း စစ်ကောင်စီက အုမ္မသီး ကျေးရွာကို လေယာဉ်နှင့် ဒရုန်းများဖြင့် ဗုံး ကြဲခဲ့သဖြင့် နေအိမ် ၁၀ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် နောင်ချိုမြို့နယ်တွင် အများဆုံးဖြစ်ပွားခဲ့ပြီး မိုး မိတ် နှင့် မိုး ကုတ်မြို့နယ်ရှိ သတ္တုတူးဖော်ရာဒေသများကို ပစ်မှတ်ထားသော လေကြောင်းတိုက် ခိုက်မှု ၂ ကြိမ် ရှိခဲ့သည်ဟု ဆိုသည်။

 

ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၁ နာရီတွင် စစ်ကောင်စီက မိုးကုတ်မြို့ အနောက်မြောက်ဖက် ၃ ကီ လိုမီတာအကွာတွင်ရှိသော ကျောက်တွင်းကို Y-12 ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ဗုံးအလုံး ၂၀ ကျော် ကြဲချခဲ့သဖြင့် အရပ်သား ၅ ဦးသေဆုံးပြီး အခြား ၂၀ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီတွင် စစ်ကောင်စီက မိုးမိတ်မြို့အနီး ၀ဲပေါင်းကျေးရွာရှိ ရွှေတွင်း ကို ဂျက်ဖိုက်တာလေ ယာဉ် ဖြင့်ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချခဲ့သဖြင့် ကျေးရွာသား ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးနှင့် ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *