Karenni State News

0 0
Read Time:3 Minute, 33 Second

မိုးဗြဲမြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများပြားပြီး အသေခံဒရုန်းများ အသုံးပြုလာမှု ကြောင့် မိဘပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် အသိပေး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၁

 

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများပြားနေ ပြီး အသေခံဒရုန်းများ အသုံးပြုလာမှုကြောင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန် အမှတ် ၁၀၀၁ တပ် ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၊ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

 

မတ်လ ၉ ရက်နေ့ကစတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့တွင်းကို အသေခံ ဒရုန်းများ အသုံးပြုကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး မိဘပြည်သူများအနေဖြင့် မိုးဗြဲမြို့အား ဖြတ်သန်း သွားလာ ခြင်းမပြုကြရန်ရန် မိုးဗြဲမြို့တွင်းသို့လည်း စစ်တပ် စစ်ကြောင်းထိုးဝင်လာမှုကြောင့် တိုက်ပွဲ များ လည်း ပြင်းထန်လျက်ရှိကြောင်း သိရသည်။

“အသေခံဒရုန်းတွေက မနေ့က စပြီးသုံးလာပါတယ်၊ မိုးဗြဲမြို့ထဲကို စစ်ကြောင်းထိုးဝင်လာကြောင့် တိုက်ပွဲဖြစ်တာ၊ ဒီရက်ပိုင်းတော့ တိုက်ပွဲပြင်းထန်နေတုန်းပဲ၊ နှစ်ဦးနှစ်ဖက်ထိခိုက်မှုတော့ရှိတယ်။ ဒီ ရက်ပိုင်းမှာတော့ စစ်တပ်က ကျတာ ပိုများနေတယ်၊” ဟု အမှတ် ၁၀၀၁ တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာ ကွယ် ရေးတပ် ၊ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

တိုက်ပွဲပြင်းထန်နေသော်လည်းမိဘပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာနေမှုရှိသောကြောင့် သတိပေးချက်ထုတ်ပြန်ရခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ဒရုန်းများကို ကာကွယ်နိုင်ရန် အတွက် ဂျန်ပါ ကဲ့သို့ ပစ္စည်းများလိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြ စေလို့ကြောင်း ဆက်လက်မေတ္တာရပ်ခံထားသည်။

 

“ပြည်သူဖြတ်သန်းသွားလာမှုကတော့ ရှိနေတုန်းပဲ၊ အရေးကြီးတဲ့လမ်းပိုင်းဖြစ်နေတော့လေ။ အများ ကြီးမဟုတ်ပေမယ့် ဖြတ်သန်းသွားလာတာကတော့ နည်းနည်းတော့ရှိနေတာပေါ့၊ အဓိကတော့ စစ် ကောင်စီဘက်က အသေခံ ဒရုန်းတွေ သုံးလာတာဖြစ်တဲ့အတွက်၊ အသေခံဒရုန်းတွေက ကားတွေ၊ ဘာတွေဆိုရင်လည်း တိုက်နိုင်တာဖြစ်တဲ့အတွက် အရေးမကြီးပဲ မဖြတ်သန်းမသွးလာဖို့ တိုက်တွန်း ချင်တယ်။ နောက်တစ်ချက်အကူအညီတောင်းခံချင်တာပေါ့၊ စစ်ကောင်စီဘက်က ထိုးစစ်က ရှိနေ တုန်း ဖြစ်တဲ့အတွက် စစ်ရေးအချိန်ကလည်းကြာနေဖြစ်လို့ လိုအပ်တာတွေ အများကြီးရှိနေတယ်။ အဲဒါကြောင့်မလို့ စစ်ကောင်စီရဲ့ ဒရုန်းဒဏ်တွေ ကာကွယ် နိုင်ဖို့ ဂျန်ပါတို့လို ပစ္စည်းမျိုးလိုအပ်နေ တယ်၊ အဲဒီအတွက် တတ်နိုင်တဲ့ဘက်နေ ကူညီပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။” ဟု အမှတ် ၁၀၀၁ တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာ ကွယ် ရေးတပ် ၊ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက တိုက်တွန်းပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *