Read Time:59 Second
ကဗျာကဏ္ဍ “ခိုးသားတို့လားရာ”
ပျိုးကြဲလက်
ရာဇပလ္လင် ခွေးတက်တော့
အဘက်ဘက် ချွတ်ခြုံ
ဝန်ထမ်းတု ရွှေဘုံစံတယ်
ရင်စုံစုံ နာသား ။
ခိုးသားနဲ့ ပြည့်သူပုန်ရယ်
လူ့ဂုဏ်ပါ ဖျောက်မယ့်သူများ ။
ပုန်ကန်က ရင်ဆိုင်တယ်
စွဲကိုင်မယ် တရား ။
ရာထူးကို သူစွန့်ထားလို့
ပြည့်ထံပါး ခိုလှုံ ။
ပြည်သူတွေ ပြိုင်ကြွ
ပူးပေါင်းက အောင်ရမယ်ယုံ ။
လာကြကွယ့် တူဆုံမယ်
ဇွဲထုံထုံ ဝင်နွှဲလေမှ
သွေးရဲတဲ့ စီဒီအမ်
ပြည့်ချစ်ပန်းပန် ။
ရည်မှန်းတဲ့ ပြည့်ရန်ကိုကွယ်
ဖြိုခွင်းဟန် သိုသိပ်ကွယ့်လေး ။
ခိုးသားနဲ့ သူပုန်မှန်ရင်
တွန်းလှန်ကာ နှိမ်နင်းကွယ့်လေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက် ညနေ ၄ နာရီ ၂၇ မိနစ်
Thanlwin Myanmar Media