Tanintharyi News

0 0
Read Time:2 Minute, 7 Second

လောင်းလုံးမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စရဖရုံးတို့ရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု ၁၀ ဦး ထက်မနည်းသေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၀

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စရဖရုံးတို့ကို စစ်ကောင်စီတပ်သားများ ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်း စု မှ ထုတ်ပြန်ထားသည်။

 

မတ်လ ၈ ရက် နံနက် ၆ နာရီမှ စတင်၍ လောင်းလုံးမြို့ပေါ်ရှိ လောင်းလုံးမြို့နယ်ရဲစခန်း၊ မြို့နယ် ထွေအုပ်ရုံးနှင့် မြို့နယ်စရဖရုံးတို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်မှ ဝင်ရောက်တိုက်ခိုက် ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မွန်းတည့် ၁၂ နာရီ အထိ ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အနောက်ဖက်ပင်လယ်ပြင်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ် စစ်သင်္ဘော တစ်စီးပေါ်မှလည်းကောင်း အလားတူ ထားဝယ်မြို့ပေါ်ရှိ ကာစတန် ဆိပ်ကမ်းမှ လည်းကောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင် တပ်ပေါင်းစု ၊ နွေဦးပြောက်ကျားတပ်ဖွဲ့နှင့် ကျောင်းသားတော် လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ရက်စက်ယုတ်မာမှုများကို အမြန်ဆုံးနိဂုံး ချုပ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုက အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *