Bago News

0 0
Read Time:2 Minute, 19 Second

ကြို့ပင်ကောက်မြို့နယ်တွင် ဖမ်းဆီးခံထားရသည့် ပျူမြင့်လွင် ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီး ရာ သေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၀

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ဖမ်းဆီးခံထားရသော ပျူမြင့်လွင်သည် ကိုယ်လွတ်ရုန်းကာ ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

မတ်လ ၈ ရက်နံနက် ၈ နာရီခန့်က ကြိုပင်ကောက်မြို့နယ်၊ ကျွန်းနက်ကုန်းအုပ်စု၊ ရွှေပန်းတော ကျေးရွာနေ ပျူမြင့်လွင်အား အလယ်ကုန်းရွာနှင့် ကျစွာဘုရားကြားရှိ ဆက်သွယ်ရေး လမ်းပေါ်၌ ဆိုင်ကယ်စီးလာစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) မှ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီးနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသော ပျူမြင့်လွင်အား စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်အပြီး စခန်း၌ ထိန်းသိမ်းထားစဥ် ယနေ့ မတ်လ ၁၀ ရက် နံနက် ၄ နာရီခန့်က စခန်းစောင့် ရဲဘော် အိပ်ပျော်နေချိန် ချည်ထားသည့် ကြိုးကိုဖြတ်ကာ ထွက်ပြေးသွားကြောင်း၊ ကင်းလှည့်နေသည့် ရဲဘော်များမှ တောစပ်၌ တွေ့ရှိသဖြင့် ပြန်လည် ဖမ်းဆီးသည်ကို လက်မခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း သိရသည်။

 

ပျူမြင့်လွင်သည် ကြို့ပင်ကောက်မြို့နယ်၊ ရွှေပန်းတော အထက်တန်းကျောင်း၌ ကျောင်းစောင့်အဖြစ် လုပ်ကိုင်ကာ တော်လှန်ရေးရဲဘော်များ၏ သွားလာလှုပ်ရှားမှုများအား စုံစမ်းထောက်လှမ်း၍ စကစ ထံ ပေးပို့ခြင်း၊ စကစများထံ မမှန်သတင်းပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း၊ ဒေသနေ ပြည် သူများ၏ ဆိုင်ကယ်များအား စကစများနှင့် အတူ ဖမ်းဆီးခြင်း၊ အလယ်ကုန်းရဲစခန်းမှ ဖွဲ့စည်းထား သည့် ပျူအဖွဲ့ထဲဝင်ကာ စကစအတွက် အလုပ်လုပ်ပေးခြင်းတို့ကို ပြုလုပ်နေသူဖြစ်ကြောင်း ၄င်း ကိုယ်တိုင် ဝန်ခံထွက်ဆို ထားကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *