တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က သေဆုံးစစ်သား အလောင်း ၃ လောင်းကို တွင်းတစ်ခု အ တွင်း စုပြုံစွန့်ပစ်ထားခဲ့
သံလွင်မြန်မာသတင်း
မတ်လ ၁၀
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က သေဆုံး စစ်သား အလောင်း ၃ လောင်း ကို တွင်းတစ်ခုအတွင်း စုပြုံစွန့်ပစ်ထားခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း တနင်္သာရီမြို့နယ် ပကဖ ထံမှ သိရသည်။
ပြီးခဲ့သည် ဖေဖော်ဝါရီလ ၂၅ ရက် မွန်းလွဲ ၁ နာရီခန့်က တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာဘက်သို့ တောလမ်း အ တိုင်း ခြေလျင်ဖြင့် စစ် ကူတက်လာသည့် စစ်ကောင်စီတပ်သားများကို တမုတ်ချုံးရွာ နှင့် လယ်တောင်ယာရွာကြား၌ တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိပြီး စစ်ကောင်စီတပ်သားများထံမှ ကျန်ရစ်ခဲ့သည့် ခဲယမ်းအချို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားသည့် နေရာအား နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် သေဆုံးသွားသည့် စစ် ကောင်စီတပ်သား အလောင်း ၃ လောင်းအား တွင်းတစ်ခုထဲ၌ စွန့်ပစ်ကာ စုပြုံစွန့်ပစ်ထားခဲ့သည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း ၂ ၊ တပ်ခွဲ ၂ နှင့် တနင်္သာရီမြို့နယ်ပကဖ ဇုန် ၄ တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်းတွင် စစ်ရေးအခြေအနေ တင်းမာနေသောကြောင့် ဒေသနေ မိဘပြည်သူ များ၊ ခရီးသွားမိဘပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြပါရန်မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media