Interview News

0 0
Read Time:6 Minute, 0 Second

အောင်ဇေယျစစ်ကြောင်းမှ စစ်သားများ ခွက်သေးသေးဖြင့် ဆန်ပြုတ်ရေကျဲသောက်ကာ တနေကုန် နေရသဖြင့်အားပြတ်နေဟု အလင်းဝင် တသ ကိုကိုစိုးပြော (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၁၀

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အောင်ဇေယျစစ်ကြောင်းမှ စစ်သားများ ခွက်သေးသေးလေးနဲ့ ဆန်ပြုတ်ရေကျဲသောက်ကာ တနေကုန်နေနေရသဖြင့်အားပြတ်နေဟု အလင်းဝင် တသ ကိုကိုစိုးက ပြောကြားသည်။

 

တသ ကိုကိုစိုးသည် တပ်မ ၅၅ လက်အောက်ခံ ကလောမြို့အခြေစိုက် ခလရ ၃ မှ စစ်သားတစ်ဦး ဖြစ်ပြီး ကလေးစစ်သားအဖြစ် ပေါ်တာဆွဲဖမ်းဆီးခံရကာ စစ်တပ်အတွင်းဝင်ရောက်လိုခြင်းမရှိ သော် လည်း အတင်းအဓမ္မရှေ့တန်း ပို့ ဆောင်ခံခဲ့ရကာ KNLA တပ်ဖွဲ့ထံ ထွက်ပြေးခိုလှုံလာခြင်းဖြစ် ကြောင်း သိရသည်။

 

“ထမင်းငတ်တာ ၁ လကျော်သွားပြီ။ တစ်လကျော်ကို ဆန်ပြုတ်သောက်လိုက်၊ ဆန်ပြုတ်တောင် ဟောလောက်ခွက် လေးနဲ့၊ တနေကုန် ရေကျဲကြီးနဲ့ နေနေရတာ။ ကျနော်တို့တပ်စိတ်ဆိုရင် ဟိုချောင် ထဲ ရောက်သွား တော့ ဆန်ပြုတ်တောင် တော်ရုံတန်ရုံမရတော့ဘူး။ ငှက်ပျောအူတွေသွားခုတ် ပြီးတော့ ကိုယ့်ဘာသာ ကိုပြုတ်စား၊ ဘာမှ မပါဘူး။” ဟုတသ ကိုကိုစိုးက ပြောကြားသည်။

မေး = ကိုယ်ပိုင်နံပါတ်၊ နာမည်၊ ရာထူးနဲ့ မိခင်တပ်ရင်းကို ပြောပြပါ။

 

ဖြေ = ကလော၊ ခလရ ၃ ၊တသ ကိုကိုစိုး ။

 

မေး = စစ်တပ်ထဲကို ဘယ်လိုအကြောင်းကြောင့် ဝင်ရောက်လာခဲ့လဲ။

 

ဖြေ = သူငယ်ချင်းအိမ်ကို သွားလည်ပြီး ပြန်လာတဲ့အချိန်မှာ ပေါ်တာဆွဲခံရတာ၊ ပေါ်တာဆွဲခံရပြီး စုဆောင်းရေးတပ်ကို ရောက်တယ်၊ ရောက်တော့ ငြင်းတယ် ၊ ငြင်းလို့မရဘူး၊ အသက်မပြည့်ဘူး ပြောတာကို၊ အဲဒီမှာ တစ်လ လောက်ထားပြီးတော့ လေ့ကျင့်တပ် ၄  ပို့တယ်။ လေ့ကျင့်ရေးမှာ လည်း ကျနော်ပြောတယ်၊ ပြောလို့ မရဘူး။ ပြောလို့မရတော့ ထွက်ပြေးတယ်၊ ထွက်ပြေးတော့ ခြေကျင်းနဲ့ လက်ထိပ်နဲ့ ကျောင်းပြီးတဲ့အထိထားတာ၊ ကျောင်းပြီးတော့ ခလရ ၃ ကနေ လာခေါ် တယ်၊ လာခေါ်ပြီး တပ်ရောက်တော့လည်း ဗဟိုကင်းအချုပ်ထဲမှာပဲ ထည့်ထားတယ်။ ဗဟိုကင်း အချုပ်ထဲမှာ ထောက်ခံစာကြီးထဲမရဘူးတဲ့၊ မှတ်ပုံတင်ပါလား၊ မပါလားစစ်တယ်၊ စစ်တော့ မပါဘူး ဆိုတော့ ၊ မှတ်ပုံတင်မပါဘူးဆိုရင် မှတ်ပုံလုပ်ရမှာပေါ့ဆိုပြီး လက်ဗွေစစ်တယ်၊ လက်ဗွေစစ်တော့ သူတို့ စစ်ပုံမပေါ်လို့ဆိုပြီး တပ်ကို ပြန်ဆွဲခေါ်ပြီး ပြန်ထည့်ပေးလိုက်တယ်။ အဲဒီကနေမှ ဒီဘက် ပထမ စထိုးတဲ့အချိန်မှာ ပါလာတာ။ နောက်ပိုင်းမှ တဖြည်းဖြည်းနဲ့ ပြန်ပါလာတာ။

 

မေး = ဘယ်လိုအကြောင်းကြောင့် အလင်းဝင်ရတာလဲ။

 

ဖြေ = အရာရှိတွေ၊ ဆရာတွေက သူတို့တဝမ်းအတွက်ပဲ သူတို့ကြည့်တယ်။ ရတဲ့ဟာမှန်သမျှ သူတို့ အတွက်ကြီးပဲ။ သူတို့စားပြီး ၊ လက်နဲ့ဆုတ်ပြီးလို့ ပိုတဲ့ဟာတွေပဲ ကျနော်တို့စားရတာ။ အာဟာရ တွေပြတ် ရေတွေလည်း မသောက်ရတော့ စိတ်ဓာတ်တွေကျပြီးတော့ မထူးဘူး၊ ဒီအတိုင်းလဲ သေ မယ်၊ ဟိုဘက်ခြမ်းသွားပြီးတော့ အလင်းဝင်တာလို့ ပြောပြီးတော့ ဝင်တာ၊ သူတို့ကတော့ ပြောပါ တယ်။ အရှေ့ကသွားတဲ့သူတွေ အကုန်လုံးသတ်ပစ်လိုက်ပြီ၊ ဘာညာနဲ့၊ ပြောတယ်။ ပြောပေမယ့် မထူးဘူး။ ရန်သူဖြစ်ဖြစ် ဘာဖြစ်ဖြစ် အဲလောက်အထိတော့ မလုပ်လောက်ပါဘူးဆိုပြီးတော့ ကိုယ့် စိတ်ကူးနဲ့ကို တစ်ယောက်တည်းဆင်းလာတာ။

 

မေး = ဒီဘက်အလင်းဝင်တော့ ဘာကြောင့် လက်နက်မယူဆောင်လာတာလဲ။

 

ဖြေ = လူက အားသိပ်မရှိတော့၊ ကိုယ့်ကိုကိုယ်တောင်လမ်းလျှောက်ရတာ တဘုံးဘုံးပစ်ပစ်လဲနေ တာ၊ ဂန်းကလည်း နိုင်ကိုမနိုင်တော့ဘူး။ ဟိုမှာနေမယ်၊ ဒီအတိုင်းအလင်းမဝင်ဘူးဆိုရင်လည်း ဒီဘက်ကလာတိုက်ရင် ကျနော်တို့ ပြန်ပစ်ဖို့ ခွန်အားမရှိတော့ဘူး။ ကျည်တစ်ထောင့် ပစ်ဖို့‌တောင် အတော်အားယူရမှာ၊ အဲဒါကြောင့် မယူလာခဲ့ရဘူး။

 

မေး = KNLA ရောက်တော့ ဘယ်လိုကြိုဆိုကြလဲ၊ ဘယ်လိုဆုချီးမြှင့်လဲ။

 

ဖြေ = လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်၊ ရေဆေးအိုင်ကနေ ဆင်းလာပြီး ဟိုရောက်တော့ ကျနော် အလင်းလာဝင်တာပါ ပြောတော့၊ ကောင်းကောင်းမွန်မွန်ပဲ ကျနော်တို့ ထမင်းကျွေးတယ်၊ ဒီရောက် တော့လည်း အေးဆေးပါပဲ၊ ကရင်နှစ်သစ်ကူးတုန်းက အင်တာသွားဗျူးတုန်းက တစ်ယောက်ကို မုန့် ဖိုးတစ်သိန်းစီရပါတယ်။

 

မေး  = စကစတပ်ထဲကျန်နေသေးတဲ့ သူငယ်ချင်းတွေကို ဘယ်လိုသတင်းစကားပါးချင်လဲ။

 

ဖြေ = သူတို့ကို အလင်းလာဝင်ခိုင်းမယ်။ ဟိုမှာ ကျနော်တို့လည်း နေဘူးတော့ ၊ သူတို့ကိုလည်း မနေခိုင်းချင်ဘူး။

 

မေး = စကစတပ်ကို ဘယ်လို မြင်လဲ။

 

ဖြေ = သူတို့က ဘာသာရေးလည်း သိပ်မသိဘူး။ လိုချင်တာပဲ သိတယ်။ စစ်သွားတိုက်တဲ့သူတွေ ငတ်လား၊ သေလား၊ ကြေလားလည်း မသိဘူး။ ဇွတ်အတွင်းဝင်လုပ်ခိုင်းတယ်။ ဒီနေ့ ဒါရရင်ပြီးတာပဲ ဆိုပြီးတော့ သေသေကြေကြေဆိုပြီးတော့ လွှတ်တယ်။ ကျနော်တို့ဆိုရင် ရှေ့မှာ ထမင်းငတ်တာ ၁ လကျော်သွားပြီ။ တစ်လကျော်ကို ဆန်ပြုတ်သောက်လိုက်၊ ဆန်ပြုတ်တောင် ဟောလောက်ခွက် လေးနဲ့၊ တနေကုန် ရေကျဲကြီးနဲ့ နေနေရတာ။ ကျနော်တို့တပ်စိတ်ဆိုရင် ဟိုချောင်ထဲရောက်သွား တော့ ဆန်ပြုတ်တောင် တော်ရုံတန်ရုံမရတော့ဘူး။ ငှက်ပျောအူတွေသွားခုတ်ပြီးတော့ ကိုယ့်ဘာသာ ကိုပြုတ်စား၊ ဘာမှ မပါဘူး။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *