Read Time:1 Minute, 2 Second
ကဗျာကဏ္ဍ “လမ်းမှား”
ပျိုးကြဲလက်
တော်လှန်ရာ သွေးမကွဲနဲ့
တွဲလက်တို့ ခိုင်မာစေ ။
ပိုင်နက်မြေ အာဏာမက်က
ပျက်စီးတတ်ပေ ။
ပြည်သူ့ဘဝ ရတက်ပွေ
ခေါင်းဆောင်တွေ ငဲ့ဦး ။
အာဏာဟာ အမွေမဟုတ်လို့
ထိန်းချုပ်လို့ရူး ။
အာဏာ့ရှင် စရိုက်ကြမ်းနဲ့
လမ်းခွဲဖို့ အချိန်တန် ။
ငုံ့မခံ ကိုယ်စီထပေါ့
ရုန်းထွက်ကြပြန် ။
ပန်းဝင်ခါနီး စရိုက်ဆန်
နောက်ကြောင်းပြန် မလှည့်နဲ့ ။
ပြည်သူတွေ အားကိုးအောင်
ကြိုးစားပါ့ကွယ့် ။
လူထုကို အခြေပြုလို့
စုစည်းမှ ပြည့်အာဏာ ။
ပြည်သူကို အချိန်မရွေး
လေးစားရမှာ ။
ကိုယ့်လုပ်ရပ်နဲ့ ကိုယ့်စေတနာ
လူထုသာ အသိဆုံး ။
ပျက်အစဉ် ပြင်ခဏမို့
ဆန်းစစ်ကြဦး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ် ၊ မတ်လ ၉ ရက် ညနေ ၄ နာရီ ၃၅ မိနစ်
Thanlwin Myanmar Media