ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၉
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Black Dragon GBK-PDF ထံမှ သိရသည်။
ယမန်နေ့ မတ်လ ၈ ရက် နံနက် ၅ နာရီခန့်က ကြိုပင်ကောက်မြိုနယ်၊ ရုံးချောင်းရွာ လယ်ကွင်း များ ထဲမှ တပ်ဖြန့်၍ တက်လာသည့် အင်အား ၅၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဥယျာဥ်ကြီး – ရုံးချောင်း ဆက်သွယ်ရေး လမ်းပေါ်အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သေဆုံးဒဏ်ရာရသူများကို သယ်ဆောင်ကာ ရုံးချောင်းရွာဘက် သို့ တပ်ဆုတ်သွားကာ ပြည်သူအချို့ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိ ရသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၆ Black Dragon GBK-PDF ရဲ ဘော်များ စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ အသုံးပြုနေသော ကြောင့် မိဘပြည်သူများ အနေဖြင့် ၎င်းတို့အနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media