ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ ဟားလီးကွေ့စစ်တပ်ဂိတ်နှင့် ရေဖြူမြို့အဝင်တံတားထိပ်ရှိ စစ်တပ် ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၉
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ ဟားလီးကွေ့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ရေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ဒူရကစစ်ကြောင်းထံမှ သိရသည်။
မတ်လ ၇ ရက် မွန်းတည့် ၁၂ နာရီခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ ဟားလီးကွေ့ရှိ အ ကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်ကို အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အ လှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ မတ်လ ၇ ရက် ညနေ ၄ နာရီခန့်တွင် ရေဖြူမြို့ အဝင် တံတားထိပ်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီ တပ်သားများကို အလစ်အငိုက် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
အလစ်အငိုက် ဝင်ရောက် ပစ်ခတ် တ ိုက်ခ ိုက်ရာ (၁၀) မိနစ်ခန့်ကြာမြင့်ခဲ့သည်။ ထို ပ-စ်ခ-တ်မှုအတွင်း စ-စ်ကောင်စီတပ်သား (၄) ဦးသေဆုံးပြီး မိမိတို့ ရဲဘော်များလည်း အထိ/အခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကို ဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း မှ ဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေး အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ် သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန် တိုက် တွန်းထားသည်။
တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုလှုံဝင်ရောက် ပူးပေါင်းပေးကြပါရန် ဆက်လက်၍ တိုက်တွန်းဖိတ်ခေါ်ထားသည်။
Thanlwin Myanmar Media