လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ နေအိမ် ၈ လုံးပျက်စီး
သံလွင်မြန်မာသတင်း
မတ်လ ၈
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ် ဒိုမြို့နယ်နှင့် မူးမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
မတ်လ ၆ ရက် ည ၂ နာရီခန့်က မူးမြို့နယ်၊ ကျောက်ကြီးပေါက် ကျေးရွာအတွင်းသို့ တောင်ငူ လေ တပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၆၃ နှစ် ဒေါ်ထွေး သေ ဆုံးခဲ့ပြီး အသက် ၁၅ နှစ်အရွယ် မဝင်းဝင်းအေးနှင့် အသက် ၂၄ နှစ်အရွယ် မဖြိုးရတနာအောင်တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အတူ နံနက် ၂ နာရီ ၅ မိနစ်တွင် မူးမြို့နယ်၊ မကျည်းတောကျေးရွာအတွင်းသို့ အကြမ်းဖက် စစ် ကောင်စီတပ်က ထပ်မံ၍ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၅၃ နှစ်အရွယ် မခိုင်ဦး ၊ အသက် ၅၅ နှစ် အရွယ် ဦးအောင်မြင့်အေးတို့ ထိခိုက်သေဆုံးခဲ့ပြီး နေအိမ် ၆ လုံးထိမှန်ပျက်စီးခဲ့ကာ တစ်လုံမှာ မီး လောင်ပြာကျခဲ့ကြောင်း၊ သိရသည်။
ထို့အပြင် နံနက် ၂ နာရီ ၁၅ မိနစ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ရော့ကတ်ဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မတ်လ ၅ ရက် ညနေ ၆ နာရီ ၄၆ မိနစ်တွင် ကေအဲန်ယူ−လယ်ဒိုမြို့ နယ်၊ အင်းနက်အကျေးရွာအ တွင်းသို့ အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်မှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း၊ မတ်လ ၆ ရက်နေ့ ည ၈ နာရီ ၅၃ မိနစ်အချိန်တွင် တရေးစီလော်(နရွဲပင်) ကျေးရွာတွင်းသို့ ထပ်မံ ဗုံး ကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံးထိမှန်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဓါတ်ပုံ − အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီး သေဆုံးရမှုများ။
Thanlwin Myanmar Media