မြင်းခြံမြို့နယ်တွင် သီတာယုမွန်ဦးဆောင်သော ပျူအဖွဲ့ကို လိုက်လံတိုက်ခိုက်ချေမှုန်းမှု ပျူ ၇ ဦး ထက်မနည်းသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၇
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် သီတာယုမွန်ဦးဆောင် ပျူအဖွဲ့ကို လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာ ပျူ ၇ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံထံမှ သိရသည်။
မတ်လ ၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က မြင်းခြံမြို့ သီတာယုမွန် ဦးဆောင်သော ပျူများနှင့် လယ် သစ်ကျေးရွာမှ ပျူများပူးပေါင်းကာ အင်အား ၅၀ ခန့်ဖြင့် တူရွင်းဘို့ကျေးရွာဘက်သို့ စစ်ကြောင်းထိုး လာခဲ့ကြောင်း၊ ယင်းပျူစစ်ကြောင်းအားတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့ရာ တူရွင်းဘို့ ရွာဘုန်းကြီးကျောင်းထဲတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အထိနာသွားသော ပျူအဖွဲ့များသည် တူရွင်းဘို့ကျေးရွာ ဘုန်းကြီးကျောင်း ထဲမှ စာသင်ကျောင်းဘက်သို့ ထွက်ပြေးသွားရာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက လိုက်ခံ တိုက်ခိုက်ချေမှုန်းခဲ့ရာ စာသင်ကျောင်းထဲမှ တဆင့် သေဆုံးဒဏ်ရာရ စစ်သားအလောင်းများကို ထမ်း ကာ ကျောက်ပြုတ်ရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။
“တူရွင်းဘို့ဘုန်းတော်ကြီးကျောင်းထဲအရောက် ဝိုင်းပစ်ကြတာ၊ ပစ်တော့ ဘုန်းကြီးကျောင်းကနေ ထွက်ပြေးပြီးတော့ စာသင်ကျောင်းဘက်ကို ရောက်သွားတာ။ စာသင်ကျောင်းဘက်လည်း လိုက် ပစ်တော့ စာသင်ကျောင်းဘက်ကနေ ကျောက်ပြုတ်၊ ကျောက်ပြုတ်ကနေ လယ်သစ်ဘက်အထိ ထွက်ပြေးသွားတာ။ တဖက်ဖွင့်ပြီး ၃ ဘက်ကနေ ဝိုင်းပစ်တကြတာ၊ တော်တော်လေးအထိနာသွား တယ်။ သေဆုံးဒဏ်ရာရတဲ့သူတွေကို ထမ်းစင်နဲ့ခေါ်ပြီးတော့ ပြေးကြတာ၊ ကျောက်ပြုတ်ရောက်တဲ့ အထိ ကျနော်တို့ လိုက်တိုက်တာ။ ဟိုရောက်မှ သေတာတွေလည်းရှိတယ်။” ဟု နဂါးနီပြောက်ကျား တပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ- မြင်းခြံနှင့် မြင်းခြံမြို့နယ် မဟာမိတ်တပ်ဖွဲ့များ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၇ ဦး ထက်မနည်း သေဆုံးကာ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media