လက်နက်ခဲယမ်းပြတ်တောက်မှု၊ မဟာမိတ်များ စစ်ကူလာရောက်ရန် ခက်ခဲမှုကြောင့် MBT တပ်ဖွဲ့ဌာနချုပ် စခန်းလက်လွှတ်ဆုံးရှုံးခဲ့ရ ၊ ခုခံတိုက်ခိုက်မှုအတွင်း စစ်သား ၁၀ ဦးထက် မနည်း သေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၆
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ခြေရာကျေးရွာအုပ်စု၊ ရေလယ်ကျွန်းဒေသသို့ ဝင်ရောက်လာ သော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်း ပြတ်တောက်မှု၊ မဟာမိတ်တပ်ဖွဲ့များ စစ်ကူလာရောက်ရန် ခက်ခဲမှုကြောင့် MBT တပ်ဖွဲ့ဌာနချုပ် စခန်း လက်လွှဲဆုံးရှုံးခဲ့ရကြောင်း MBT တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ မတ်လ ၅ ရက် နံနက် ၅ နရီ ၃၀ မိနစ်ဝန်းကျင်က ရေစကြိုမြို့နယ်၊ ဆင်ခြေယာအုပ်စု၊ ဇရပ်နီကျေးရွာ မြောက်ဘက်၌ အထိုင်ချတပ်စွဲထားသော MBT တပ်ဖွဲ့ဌာနချုပ်စခန်းကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း၊ ကြည်းကြောင်း ပူးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်အကြာဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မနေ့ကမနက် ၅ နာရီခွဲ ၆ နာရီလောက်က စကစတပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်တာ၊ မဟာမိတ်တပ်တွေက လာကူဖို့လည်း လမ်းကြောင်းတွေမကောင်းတွေက တစ်ကြောင်း၊ တစ်ဖွဲ့ တည်းဖြစ်နေတာပေါ့ ၊ ခဲယမ်းကလည်း ၈ ရက်လုံးလုံး တိုက်ပွဲကဖြစ်ထားတော့ ပြတ်တောက် နေတာ။ လမ်းကြောင်းတွေကလည်း ပိတ်နေတော့ ခဲယမ်းပို့ပို့ကလည်း ခက်ခဲနေတာ၊ နာရီဝက် လောက်ပဲ တိုက်ခိုက်ပြီးတော့ ပြန်ဆုတ်ခဲ့ရတာ။ ပြည်သူတွေကလည်းရှိနေသေးတော့ ပြည်သူတွေ ရှောင်တိမ်းလို့ အချိန်ရအောင် ခုခံတိုက်ခိုက်ခဲ့တာ။ စခ ၁၀ ယောက်ကျော်ကျော်လောက်အထိ တော့ သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်။ လေကြောင်းရန်တွေရောကြောင့်မို့လို့ ပြီးတော့ လက်နက်ခဲယမ်း မမျှ တမှု ၊ လူအင်အာကလည်း လုံးဝမမျှတတဲ့အနေအထားကြောင့်မို့လို့သေဆုံးသွားတဲ့ စကစ တပ် တွေရဲ့လက်နက်တွေကိုလည်းရယူနိုင်ခဲ့ခြင်းမရှိပါဘူး” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစ၍ ရေစကြိုမြို့အခြေစိုက်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များအပါအဝင် အင်အား ၂၀၀ ကျော်ဖြင့် ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ် အရှေ့ဘက် ရေလယ်ကျွန်းဒေသို့ စစ်ကြောင်းထိုးခဲ့ရာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သားအထိနာကာပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
ထို့သို့ အထိနာသောအကြမ်းဖက်စစ်တပ်သည် ရေစကြိုမြိုပေါ်နှင့် ပခုက္ကူမြိုပေါ်မှ တပ်အင်အား အများအပြား ထပ်မံဖြည့်တင်းကာ ရေစကြိုမြို့နယ်၊ မင်္ဂလာခြံရွာ၊မြေစွန်းတော်ရွာနှင့် ရွာသစ်ရွာ တို့ကို မီးရှို့ဖျက်ဆီးပြီး ဆက်လက်ချီတက်လာသဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်၊ မတ်လ ၂ ရက်နေ့ တို့ တွင် ထပ်မံတိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထိုသို့ ၈ ရက် စစ်ရေးတင်းမာခဲ့ပြီနောက် မတ်လ ၅ ရက်နေ့တွင် Myingyan Black Tiger – MBT တပ်ဖွဲ့၏ ဌာနချုပ် တပ်စခန်းအား ဆုံးရှုးခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။
ယခုအခါ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့နေအိမ် အိုးအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ထိုသို့ ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ကို အမြစ်ပြတ်တိုက်ခိုက်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း Myingyan Black Tiger -MBT တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media