ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ပျူစခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ပျူ ၂၃ ဦး ထက်မနည်းသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၄ ဦးကျဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၆
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ပျူရွာစခန်းတိုက်ပွဲနှင့် စစ်ကူစစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၂၃ ဦးထက်မနည်းသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHUPDF ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၁၁ နာရီ ၂၃ မိနစ်က ချောင်းဦးမြို့နယ် ၊ ကင်မွန်တော်ပျူစောထီးရွာ သိမ်းပိုက်နိုင်ရေးအတွက် စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ ၁ နာရီခန့်အကြာတွင် ချောင်းဦးမြို့ပေါ်ထွေအုပ်ရုံး၊ မိုးကောင်းဘုန်းကြီးကျောင်း၊ မြပုလဲ၊ ခင်မွန်ဘက်စုံံ စစ်ကောင်စီ အထိုင် စခန်းများမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ၅၂ ကြိမ် ပစ်ကူပေးခဲ့သည့် အပြင် မိတ္ထီလာလေ တပ်မှ FTC-2000G Jetfighter ဖြင့် ညနေ ၄ နာရီ ၁၂ မိနစ်တွင် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ထို့အပြင် ညနေ ၆ နာရီ ၁၇ မိနစ်တွင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ၊ မုံ ရွာမြို့နယ် ညောင်ဖြူပင်စခန်း၊ မုံရွာမြို့နယ် တောပု ပျူစောထီးရွာမှ ပူးပေါင်း အင်အား ၂၀၀ ခန့်ဖြင့် စစ် ကူစစ်ကြောင်းထွက်လာရာ လမ်းကြောင်းဖြတ်တောက်ရေး တာဝန်ယူထားသော ပြည်သူ့ကာ ကွယ်ရေး ရဲဘော်များနှင့် ၁၅ မိနစ်ခန့်အကြာ ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ကူအမြောက်အများပေးနေသည့်ကြားမှ ကင်းမွန်ထော်ပျူစောထီးရွာ အရှေ့ဘက်ရှိ ဘန် ကာများ ၊ ရွာမြောက်ဘက်ခြမ်းရှိ ဘန်ကာများ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့ကို သိမ်းပိုက် နိုင်ခဲ့ပြီး ည ၈ နာရီခန့်တွင် စစ်တပ် စစ်ကူစစ်ကြောင်းများ ကင်မွန်းတော်ရွာအနီး ချဉ်းကပ်လာသဖြင့် မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရ ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၅ နာရီ ၄၂ မိနစ်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခမှ ချောင်းဦးမြို့တွင်းသို့ ရောက်ရှိနေသော အင်အား ၇၀ ခန့်ရှိ စစ်တပ် စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ သည့်အပြင် ၇ နာရီ ၂ မိနစ်အချိန်၌ လမ်းကြောင်းဖြတ်တောက်ရေးတပ်ဖွဲ့မှ ရင်ဆိုင် တိုက်ပွဲဆင်နွှဲ ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး မြပုလဲ အထိုင်စစ်တပ် စခန်းမှ ၁၂၀ မမ လက်ကြီး ၂၁ ကြိမ် ပစ်ကူပေးခဲ့သည့်အပြင် မိတ္ထီလာလေတပ်မှလည်း FTC-2000G Jet fighter ဖြင့် လေကြောင်း ပစ်ကူ ၁ ကြိမ် ၊ နမခ မှ paramotor ၂ စီး ဖြင့် လေကြောင်း ပစ်ကူ ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ထို့အပြင် ဖေဖော်ဝါရီလ ၁၇ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အနောက်မြောက်တိုင်း စစ်ဌာန ချုပ် – နမခ ၊ ညောင်ဖြူပင် စခန်း၊ တော်ပုပျူရွာတို့မှ ကင်းမွန်တော်ရွာအတွင်းရောက်ရှိခဲ့သော စစ်ကူ စစ်ကြောင်းမှ စစ်သားအင်အား အချို့ ပြန်လည်ထွက်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ မြပုလဲအထိုင်စစ်တပ်စခန်းမှ ၁၂၀မမ လက်နက်ကြီး ၂၃ ကြိမ် ၊ မိတ္ထီလာလေတပ်မှ Jet fighter ဖြင့် ည ၈ နာရီ ၃၁ မိနစ် နှင့် ၃၄ မိနစ်တို့တွင် ၂ ကြိမ်ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“စခန်းသိမ်းဖို့သွားတာပါ။ အင်အားအကူစစ်ကြောင်းရယ်၊ လက်နက်ကြီးထုတာရယ်။ လေကြောင်း တိုက်ခိုက်မှုတွေ အဆမတန်များတဲ့အတွက် ဘန်ကာ ၂ လုံးပဲ ကျန်တဲ့အချိန်၊ စစ်ကြောင်းကလည်း ပျူရွာအနီးဆုံးချဉ်းကပ်လာတဲ့အချိန်မှာ ပြန်ဆုတ်ခွာခဲ့ရတာ၊ ဘန်ကာတွေသိမ်းမိခဲ့ပေမယ့် လက်နက် ခဲယမ်းတွေမရခဲ့ဘူး။ သူတို့က ဘန်ကာ ၁ လုံးကျသွားရင်နောက်ဆုတ်သွားတဲ့အချိန် ခဲယမ်းပြန်ပြန် သယ်သွားတဲ့အနေအထားဗျ။ သေတဲ့ စခ ၂၃ ဦးက ဖြတ်တောက်ရေးတွေရော စုစုပေါင်းပါ။ ရဲဘော် ၄ ဦးကျဆုံးရတာက ကင်မွန်းထော်ရွာ တိုက်ပွဲတိုက်ရင်းနဲ့ လက်နက်ကြီးဘာညာကြောင့် ထိပြီးကျရတာ ပါ” ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHUPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုများကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နှင့် ပူးတွဲ တာဝန် ထမ်းဆောင်လျက်ရှိသော ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ် ULF စစ်ကြောင်း၊ မဟာမိတ်တပ် များဖြစ်သော ဗျူဟာ ၄၇ ၊ ကျောက်လုံးကြီး (KLG) ၊ B-21 တပ်ရင်း ၊ Mobile Team ၊ Budalin Guerrilla force ၊ မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ(၁) (ရွာဇော်ကြီးတပ်ခွဲ) ၊Kanni Three Brothers Force ၊ ရတနာပုံံ ၊ Chindwin Brother ၊ Bandula Defence Force (ဘုတလင်မြို့နယ်) ၊ VENOM Revolution Force (VRF) ၊ မန္တလေးခရိုင် တပ်ရင်း (၅) ၊ မိတ္ထီလာခရိုင်တပ်ရင်း (၃) ၊ မတ္ထီလာ ပကဖ ၊ Special Force 11 ၊ Immortal Guerrilla Force ၊ Silingyi Task Force Drone Team (SSTF Drone Team) ၊ Sagaing District Drone Team (SDDT) ၊ကဆားလင်းကြီးမြို့နယ် ပကဖ လက်ရုံးတပ်တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး SRC (Spring Revolution Cilinic) မှ ဆေးဘက်ဆိုင်ရာ အကူအညီပေးခဲ့ကြောင်း၊ထို့အပြင် ရင်းမြစ် လေးကြောင်းအထိုင်မှလည် လေကြောင်းကင်းထောက်မှု ကူညီပေးခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHUPDF ကထုတ်ပြန်ထား သည်။
Thanlwin Myanmar Media