ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာအနီးတွင် စစ်ကောင်စီတပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ အရှင်ဖမ်းမိ
သံလွင်မြန်မာသတင်း
မတ်လ ၆
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ကန့်ဘလူခရိုင်အမှတ် ၄ တပ်ရင်းထံမှ သိရ သည်။
ယမန်နေ့ မတ် ၅ ရက်နေ့က ကန့်ဘလူမြို့နယ် ၊ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ငှက်ပျော တိုင်း ရွာအနီး၌ ကန့်ဘလူခရိုင်အမှတ် ၄ တပ်ရင်းနှင့် ကန့်ဘလူခရိုင် ပကဖ ၊ ပအဖ ၊ ပလဖ ၊ PDF ပူးပေါင်း စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စခစစ်ကြောင်းထဲကနေ ထွက်ပြေးလာတဲ့သူတွေတော့မဟုတ်ပါဘူး။ နယ်မြေရှင်းလင်းရေး ဆောင် ရွက်နေတုန်း ဖမ်းဆီးရရှိခဲ့တာပါ။ အသေးစိပ် အချက်အလက်တော့ မသိရသေးပါဘူး” ဟု ကန့်ဘလူ ခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စ၍ အကြမ်းဖက်စစ်သား အင်အား ၃၀၀ ခန့်ဖြင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်မှ ရွှေဘို -မြစ်ကြီးလမ်းပေါ်သို့ ထွက်လာသော အကြမ်းဖက်စစ် စစ်ကြောင်းကို ပြ်ညသူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိ ကြောင်း သိရသည်။
အထိနာသော အကြမ်းဖက်စစ်သားများက ဒေသနေပြည်သူများကို ဓားစားခံဖမ်းဆီးခြင်း၊ သတ်ဖြတ် ခြင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်လျက်ရှိသောကြောင့် ပြည်သူ သောင်းနှင့်ချီ၍ ထွက်ပြေးနေရကြောင်း သိရသည်။
Thanlwin Myanmar Media