Political News

0 0
Read Time:4 Minute, 27 Second

လူမျိုးစုအချင်းချင်းကြားညီညွဝ်မှုမှသည် တော်လှန်ရေးအင်အားစုအားလုံးညီညွတ်ရေးကို ရှေ့ရှုကြ ရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း

 

သံလွင်မြန်မာသတင်း

မတ်လ ၅

 

လူမျိုးစုအချင်းချင်းကြားညီညွဝ်မှုမှသည် တော်လှန်ရေးအင်အားစုအားလုံးညီညွတ်ရေးကို ရှေ့ရှုကြ ရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်းပြောကြားသည်။

 

ယနေ့ မတ်လ ၅ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၈/ ၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ကျနော့်အနေနဲ့ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲအစည်းအဝေးမှာ၊ တော်လှန်ရေးအင်အားစုများ အကြား ဘုံညီညွတ်ရေး တည်ဆောက်နိုင်ဖိုကိစ္စကို အလေးအနက်ထား ပြောကြားချင်ပါတယ်။ ဘုံ ညီညွတ်ရေးလို့ ပြောတဲ့နေရာမှာ၊ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် သုတ်သင် ချေမှုန်းရေးအတွက် အထူးပြု ရည်ရွယ်တာဖြစ်ပါတယ်။ လူမျိုးစုအချင်းချင်းအကြား ညီညွတ်ရေးမှ သည် တော်လှန်ရေးအင်အားစု အားလုံး ညီညွတ်ရေးသို ရှေ့ရှုကြဖိုလည်း လိုပါတယ်။” ဟု နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယခုအခါ ချင်းပြည်ကောင်စီ – CC နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီ နောင် (ICNCC/CB) တို့အကြား ဘုံပေါင်းစည်းမှုတစ်ရပ် လုပ်ဆောင်နိုင်ရန် သဘောတူညီမှုရထား သည်ကို ကြားသိရသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြည်တွင်း ပြည်ပရှိ ချင်းလူထု တစ်ရပ် လုံးကလည်း ချင်းညီညွတ်ရေးအပေါ် ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြကြောင်း ထောက်ပြထားသည်။

 

“နွေဦးတော်လှန်ရေး အတွင်းမှာလည်း ချင်းတိုရဲ့ ညီညွတ်ရေးဟာ တခြားသော လူမျိုးစုတော်လှန် ရေးအဖွဲတွေအတွက် ကနဦး စံပြ ဖြစ်လာဖို့ လိုတယ်လို ယူဆပါတယ်။ စစ်အာဏာရှင်တော်လှန် ရေးမှာ အဖွဲ့ပေါင်းများစွာ ထွက်ပေါ်လာတာဟာ အင်အားတစ်ရပ် ဖြစ်တယ်ဆိုပေမယ့် တော်လှန် ရေးအဖွဲ့တွေအားလုံးကို ဘုံညီညွတ်ရေးတည်ဆောက်နိုင်ပြီး တစ်စုတစ်စည်းတည်း စုဖွဲ့နိုင်ခြင်းက ပိုပြီး အားကောင်းမှုကို ဖြစ်စေတယ်လို ပြောချင်ပါတယ်။” ဟု NUG ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။

 

မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတလျှောက်တွင် “အကွဲအပြဲဇာတ်လမ်း” များစွာ ပြည့်နှက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ လွတ်လပ်ပြီးခေတ်နောက်ပိုင်းတွင် အုပ်စုဖွဲ့ ဂိုဏ်းဂဏ ကွဲပြားမှုများ အင်မတန် များပြားခဲ့ကြောင်း သိရသည်။

 

“အခု နွေဦးတော်လှန်ရေးမှာ ကျနော်တို့ဟာ အတတ်နိုင်ဆုံး စုစည်းညီညွတ်မှုကို ထိန်းထားနိုင်မှ၊ စစ် အာဏာရှင်စနစ် အမြစ်ဖျက်ဖြုတ်ချနိုင်ရေးကို “ဆုံးခန်းတိုင်သည်အထိ လုပ်ဆောင်နိုင်မှာ” ဖြစ်ပါ တယ်။ တစ်ဖက်မှာလည်း စစ်အစိုးရခေတ်အဆက်ဆက်မှာ စစ်အစိုးရ ခေါင်းဆောင်တွေရဲ့ သွေးခွဲ သပ်လျှိ အုပ်ချုပ်တဲ့ နည်းတွေကို လက်စွဲပြုပြီး လုပ်ဆောင်လာခဲ့တာကို ကျနော်တို့ အားလုံး သတိ ချပ် သင့်တယ်လို့ ထင်ပါတယ်။ စစ်အစိုးရအဆက်ဆက်ဟာ လူမျိုးစုညီညွတ်ရေးကိုလည်း မလိုလား သလို၊ တော်လှန်ရေး အင်အားစုတွေ အချင်းချင်းအကြား စုစည်းပေါင်းစည်းသွားမှာကိုလည်း မလို လားပါဘူး။ ဒါ့ကြောင့် ကျနော်တို့ဟာ “ရန်သူ ဝမ်းသာအောင် မလုပ်သင့်ဘူး” လို ယူဆပါတယ်။” ဟု ယာယီသမ္မတ က ပြောဆိုသည်။

 

ထို့အပြင် နိုင်ငံတကာအခင်းအကျင်းကလည်း ပြောင်းလဲမှုများ ရှိလာနေပြီး ကမ္ဘာ့နိုင်ငံရေးအခြေ အနေကို မပြတ်ကြည့်ရှုကာ အပြောင်းအလဲများနှင့်အတူ လိုက်ပါစီးမျော၍ မဟာဗျူဟာချည်းကပ် မှုများကို ထိရောက်မှုရှိစေရန် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *