CDM News

0 0
Read Time:3 Minute, 16 Second

ရေစကြိုနှင့်မြောင်မြို့နယ်အစပ်ကျေးရွာများကို ဝင်ရောက်နေသော စစ်ကြောင်းမှ စစ်မှုထမ်း တပ် သား ၁ ဦးဖမ်းမိပြီး ၆ ဦးလက်နက်ချအလင်းဝင်

 

သံလွင်မြန်မာသတင်း

မတ်လ ၅

 

မကွေးတိုင်း၊ ရေကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အစပ် ကျေးရွာများကို ဝင်ရောက်နေ သော စစ်ကြောင်းမှ စစ်မှုထမ်းတပ်သား ၁ ဦး ဖမ်းမိကာ ၆ ဦး လက်နက်ချအလင်းဝင်ရောက်ခဲ့ ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီက ရေစကြိုမြို့နယ်နှင့် မြောင်နယ်အစပ်တွင် စစ်​ကြောင်း ထိုးမီးရှို့နေသော စစ်တပ်စစ်ကြောင်းများအနက် ခလရ ၂၅၆ တပ်မှ စစ်မှုထမ်း တသ ကျော်ထွေး ကို ရေစကြိုမြို့ အမှတ် ၃ သောင်ခုံပေါ်တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လက်နက်ခဲ ယမ်းများနှင့်အတူ ဖမ်းစီးရရှိခဲ့ကြောင်း သိရသည်။

၎င်းနှင့်အတူ MA1 အမျိုးအစားသေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ဘောက် ၅.၅၆ ကျည် အတောင့် ၃၀၀ ခန့်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ၊ ဖမ်းဆီးရရှိသော တသ ကျော်ထွေးသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မ ဖမ်းဆီးခံရကာ စစ်သားအဖြစ် စေခိုင်းခံရသူဖြစ်ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၈ ရက် နေ့လည်ပိုင်းတွင် ရေစကြိုမြို့နယ် အခြေစိုက် ခလရ ၂၅၈ တပ်ရင်းမှ စစ်မှု ထမ်းတသ မင်းမင်းထက်၊ တသ စောအိုင်းဇက် ၊ တသ ထက်ကိုနိုင်နှင့် တသရဲဇော် တို့သည် ပြည်သူ့ ကာကွယ်ရေး ရဲဘော်များထံ ဆက်သွယ်ကာ ၎င်းတို့ယူဆောင်လာသော ဗုံးသီးများ ၊ ကျည်များကို အပ်နှံပြီး ပြည်သူ့ ရင်ခွင်ထံ ခိုလှုံလာခဲ့ကြောင်း သိရသည်။

 

ထို့သို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တသ ၄ ဦးမှာ စစ်ကိုင်းတံတားပေါ်နှင့် မြန်မာနိုင်ငံ အ ခြားသောနေရာများတွင် ခရီးသွားလာရင်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်း ပေါ် တာဆွဲခံခဲ့ရသူများဖြစ်ကာ ယခုအခါ ၎င်းတို့​၏မိဘများနှင့်ဆက်သွယ်၍ ကောင်းမွန်စွာ ပြန်လည် အပ်နှံပေးခဲ့ကြောင်း သိရသည်။

 

မတ်လ ၁ ရက် နေ့တွင်လည်း ရေစကြိုမြို့နယ် ခလရ ၂၅၆ တပ်ရင်းမှ စစ်မှုထမ်း တသ ကျော် ဇေယျာဝင်း၊ တသ ဖိုးကုလား တို့ ၂ ဦးသည် ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့်ဆက်သွယ်ကာ ၎င်းတို့ယူဆောင်လာသော ဗုံးသီးနှင့်ခဲယမ်းများ အပ်နှံပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံဝင်ရောက်ခဲ့ကြောင်း ၊ ထိုသို့ ပြည်သူ့ရင်ခွင်ထံ ခိုလှုံဝင်ရောက်ခဲ့သူများကို ကောင်းမွန်စွာ စောင့်ရှောက် ပေးထားကြောင်း အသိပေးထးသည်။

 

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်သားများအနေဖြင့် 09988895428 သို့ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ထံ စိတ်ချစွာခိုလှုံကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *