Poem

0 0
Read Time:1 Minute, 4 Second

ကဗျာကဏ္ဍ “တပ်ဂုဏ်”

 

ပျိုးကြဲလက်

 

ပြည်သူကို အကြောက်တရားနဲ့

ဖိထားတဲ့ ခွေးကောင် ။

 

ငယ်သားပင် မညှာတမ်း

ရမ်းကားတဲ့မောင် ။

 

အာဏာကို ထိန်းသယောာင်

သူပုန်ကောင် စံပြ ။

 

အာဏာ့ရှင် အညွန့်တုံးအောင်

ပြည်လုံးထကြွ ။

 

ပြည့်သူပုန် အားနည်းခိုက်

တိုက်ကြကွယ့် ရာဇဝင်ပြောင်အောင် ။

 

ရန်သူကို မညှာဘဲနဲ့

ဇွဲသတ္တိဆောင် ။

 

စည်းလုံးမှ တို့ညီနောင်

ပြည်ထောင်ရာ ဝင့်ကြွား ။

 

ရန်သူပင် မိတ်ဆွေဖြစ်အောင်

လမ်းဖွင့်လှစ်ထား ။

 

ပြည်သူဟာ အမိအဖကွယ့်

ဖေးမလို့ ကာကွယ်လေ ။

 

လူထုကို မေတ္တာပေးပေါ့

အေးချမ်းကြစေ။

 

စုန်းပြူးတို့ တယောက်တလေ

ပါခဲ့ပစေ အပြစ်ပေး ။

 

တော်လှန်ဆဲ အစိုးရအောက်မှာ

ဆက်လျှောက်စို့လေး ။    ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက် မွန်းလွဲ ၁ နာရီ ၅၃ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *