မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်ရှိ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
မတ်လ ၄
မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ မတ်လ ၃ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ အချိန်က မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီတပ် အထိုင်ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ပြောက်ကျားစနစ်ဖြင့် အနီးကပ်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိ ကြောင်း သိရသည်။
“လက်နက်ခဲယမ်းတွေတော့ ကောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ တိုက်ခိုက်မှုက ၁၅ မိနစ်၊ မိနစ် ၂၀ လောက် တော့ကြာခဲ့တယ်။ စခ ၄ ဦးသေတယ်။ သေတဲ့သူတွေကို အထက ၂ ကျောင်းထဲမှာ အခေါင်းပုံးနဲ့ ပြင် ပြီးတော့ ထားတယ်။ ဒဏ်ရာရတဲ့သူအရေအတွက်တော့ မသိရဘူး။ လူနာတင်ကားနဲ့လာခေါ်သွား တာ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင်ဗိုလ် မိုက်ခဲက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့်အတူ မဟာမိတ်များဖြစ်ကြသော ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media