ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာ စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၄
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာစစ်တပ်အထိုင်စခန်းကို အနီကပ်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Earthquake People’s Defence Force ထံမှ သိရ သည်။
ယနေ့ မတ်လ ၄ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ စစ်တပ်အထိုင် စစ်ဆေးရေး ဂိတ် စခန်းထွက်လာသော စစ်ကောင်စီတပ်သားများများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မီတာ ၅၀ အကွာအဝေးမှ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာ မြင့်ခဲ့ပြီး စစ်သား ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Earthquake People’s Defence Force၊ Thurain TR၊ Hunter (Pakokku)၊ Six Senses Guerrilla Force၊ Justice Revolution Force နှင့် မြိုင်ပကဖ (ကိုနှင်းဂွေး) တို့ ပူပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း ပြည်သူပိုင်ကုန်ကား ၁ စီး ထိခိုက်မှုရှိခဲ့ပြီး မိဘပြည်သူများအနေဖြင့်လည်း စစ် ရေးအရှိန်မြင့်တက်လာပြီဖြစ်သောကြောင့် အကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းများအနီးသွားလာ နေထိုင်ခြင်း မပြုကြပါရန်နှင့် စစ်ကောင်စီတပ် ဂိတ်စခန်းများနှင့်ဝေးဝေးနေထိုင်ပေးကြပါရန် မေတ္တာ ရပ်ခံအသိပေးထားသည်။
Thanlwin Myanmar Media