မြိုင်၊ဆင်စိန်ရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနှင့် ဘုရာစေတီများ ပျက်စီး (ရုပ်သံ)
သံလွင်မြန်မာသတင်း
မတ်လ ၄
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆင်စိန်ရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း၊ ဘုရားစေတီပုထိုးများ ထိခိုက်ပျက်စီးခဲ့ကြောင်း အညာမြေတပ်ပေါင်းစု ထံမှ သိရသည်။
ယနေ့မတ်လ ၄ ရက် နံနက် ၉နာရီ မိနစ် ၅၀ က မြိုင်နယ်၊ဆင်စိန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ၃ ကြိမ်တိတိ ပေါင်း ၅၀၀ ဗုံးများ အသုံး ပြုပြီး ကြဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းတွင်နေထိုင်သော အမျိုးသား ၂ ဦး ထိခိုက် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ဘုန်းတော်ကြီးကျောင်းဆောင်များ ပျက်စီးခြင်း၊ ဘုန်းတော်ကြီး၏ ကားများပျက်စီးခြင်းနှင့် ဘုရား စေတီ များ ပြိုကျခြင်း၊ စိန်ဖူးများမြေခခြင်း စသည်တို့လည်း ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကျေးရွာ သည် အရပ်သားပြည်သူများသာနေထိုင်ပြီး ရိုးသားစွာတောင်သူလုပ်ငန်းကိုသာ လုပ်ကိုင်နေကြသည့် ကျေးရွာ တစ်ရွာဖြစ်ကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၃ ရက် နံနက်စောပိုင်းကလည်း မြိုင်နယ်နှင့် ပေါက်နယ်အစပ်ရှိ လက်ပံတို ရေနံ မှော်အား အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်၊ အ မျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း မြိုင်နယ်အနောက်ခြမ်းနှင့် ပေါက်နယ် အ ရှေ့မြောက်ခြမ်းတို့ရှိ ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် မိဘပြည်သူများအနေဖြင့် လူစုလူဝေးပြုလုပ်ခြင်း ရှောင်ရှား ကြရန်နှင့် လေကြောင်း အသိ ၊ သတိစွာဖြင့် နေထိုင်ပေးကြပါရန် အညာမြေတပ်ပေါင်းစုမှ တိုက် တွန်းနှိုးဆော်ထားသည်။
Thanlwin Myanmar Media