မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၄
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့ နယ်နှင့် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ် ပြန်သည်။
မတ်လ ၁ ရက် ညနေ ၆ နာရီခန့်က မူးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တောင်ငူ လေတပ်မှ တက်လာသော လေယာဉ်ဖြင့် ဟော်ခိုဂေါ် (ငထွေစုတ်)ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်ရန် လာရောက်နေထိုင်သည့် သေဂေလူရွာမှ အသက် ၂၅ နှစ်အရွယ်နော်ပိတောက်ဝါ ထိခိုက်သေဆုံးခဲ့ပြီး အသက် ၂၇ နှစ်အရွယ် စောသန်းလွင်ထွန်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
အလားတူ ဖေဖော်ဝါရီလ ၂၈ ရက် ညနေ ၄ နာရီခန့်က ကေအဲန်ယူ- လယ်ဒိုမြို့နယ် စီမံအုပ်ချုပ်မှု နယ်မြေအတွင်းသို့ ခလရ-၂၆၄ တပ် ပိန်းဇလုတ်တာဆုံမှနေ၍ ၈၁ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ် ခဲ့ရာ ရေလည်ကျွန်း ကျေးရွာ နှင့် အိုင်ဒိုးချောင်းဘေးကျရောက်ပေါက်ကွဲပြီး အသက် ၅၀ အရွယ် အ မျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရဿည်။
ထိုအပြင် နေအိမ် ၁ လုံး၊ တဲ ၁ လုံး ၊ ဆိုလာပြား ၁ ချပ် ထိခိုက်ပျက်စီးပြီး နွား ၁ ကောင် သေဆုံးကာ ၁ ကောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ အကြမ်းဖက်လုပ်ရပ်များကို လုပ် ဆောင်နေသောကြောင့် အပြစ်မဲ့အရပ်သား ပြည်သူများစိုးရိမ်ကြောက်ရွံမှုများစွာဖြင့် လုပ်ကိုင် စားသောက်နေရကြောင်း KNU ဗဟို က ထုတ်ပြန်ထားသည်။
Photo − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျ က်စီး သေဆုံး ရမှုများ။
Thanlwin Myanmar Media