ငါန်းဇွန်မြို့မှ ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
မတ်လ ၄
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်မြို့မှ ကား ၂ စီးဖြင့် ထွက်လာသော စစ်သား၊ ပျူများကို တိုက် ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း TGYR – Youth Guerrilla Counter Revolution-NZ ထံမှ သိရ သည်။
မတ်လ ၁ ရက် နံနက် ၁၁ နာရီခန့်က ငါန်းဇွန်မြို့မှ အနောက်သို့ ကား ၂ စီး၊ စစ်သား၊ ပျူ အင်အား ၈၀ ခန့်ဖြင့် ထွက်လာကာ ကျောင်းကြီးကုန်း ဘုရားသို့ ရောက်ရှိနေစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက Fixed Wings Drone ၂ စီး ဖြင့် 700.g ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ အပြင် မြေပြင်မှ -40 MM များ ၊ လက်နက်ငယ်များဖြင့်လည်း မိနစ် အနည်းငယ်အကြာ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်သား ၊ ပျူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကာ အရေးပေါ်ဆေး ကုသနေကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် ကား ၂ စီးအနက် ၁ စီး ပျက် စီးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို TGYR – Youth Guerrilla Counter Revolution-NZ (TGYR-Drone Team) ၊ အားမာန်သစ် ပြောက်ကျားတပ်ဖွဲ့ ၊ ငါန်းဇွန်မြို့နယ် (မြို့နယ် ပကဖ) ၊ မန္တလေးခရိုင် (အမှတ် ၅ တပ် ရင်း) နှင့် Fight For Freedom (FFF.NK) တို့ အတူပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ငါန်းဇွန်မြို့နယ် အတွင်း၌ စစ်ကောင်စီတပ်က ပြည်သူနေထိုင်ရာကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် တိုက်ခိုက်မှုများ အဆက်မပြတ် လုပ် ဆောင်နေမှုကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းအသိ ၊သတိ ရှိစွာဖြင့် နေထိုင်ပေးကြပါ ရန် နှိုးဆော်ထားသည်။
Thanlwin Myanmar Media