Read Time:55 Second
ကဗျာကဏ္ဍ “အမိန့်တော်”
ပျိုးကြဲလက်
ရုရှားကို ခစားလို့
ပလွှားကွယ့် ကြူ့အောင်
မယားရဲ့ စကားဆောင်ရင်
အမှားတောင် ပျောက်သွား ။
တရုတ်တို့ ရန်မူတယ်
တန်ပြန်ကူ ပေါင်းဟဲ့ရုရှား ။
တိုင်းပြည်က ငြင်းဆန်ရင်
တင်းခံကာ တောင့်ထား ။
အောင်မြင်ချိန် စံစားပေါ့
ဉာဏ်အားနဲ့ တွေးယူ ။
တရုတ်တွေ ဖမ်းချက်က
ဝရမ်းထက် ဆိုးနိုင်တဲ့သူ ။
ကျားဖြန့်နဲ့ ငြူစူတယ်
ကလူမယ် ရုတ်ခြည်းပါ့
ချုပ်တည်းလို့ အသာနေ
ပေါင်းစည်းပေါ့အေ ။
ဆိတ်လစိ ခေါ်ကြစေကွယ်
ရုရှားဖေ ဦးခိုက်ကွယ့်လေး ။
တရုတ်ဘက် အတင်းကြွေရင်
ဆီပုံးတွေ ဆွဲခဲ့ကွယ်လေး ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက် ညနေ ၄ နာရီ ၅၄ မိနစ်
Thanlwin Myanmar Media