Magway News

0 0
Read Time:5 Minute, 47 Second

ယောအမျိုးသားနိုင်ငံရေးကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန် YPDF တပ်ဖွဲ့ကို အပြီးအပိုင် ဖျက်သိမ်း

 

သံလွင်မြန်မာသတင်း

မတ်လ ၂

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသအခြေစိုက် ယောဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ – YPDF ကို ကို အပြီးအပိုင်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ယနေ့ မတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။

 

လက်ရှိတွင် မိမိတို့တပ်ဖွဲ့ မျှော်မှန်းခဲ့သည့်အတိုင်း ယောအမျိုးသားနိုင်ငံရေးကို ညီညီညာညာ စုစု စည်းစည်းဖြင့် ဆောင်ရွက်ရန် အချိန်အခါကောင်းသို့ ရောက်ရှိနေပြီဆိုသည့် အသိစိတ်သည် လက် နက်ကိုင်တော်လှန်ရေးဆင်နွှဲနေကြသည့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များတင်မက ပြည်သူ လူထုကပါ အသိအမြင်များ နိုးကြား သန္ဓေတည်လာခဲ့ကြပြီဖြစ်သည်ဟုဆိုသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်း အဝေး (၂/၂၀၂၅) ၌ စုစည်းညီညွတ်မှုဖြင့် လက်တွေ့ကျသော စစ်ရေး၊ နိုင်ငံရေး တနည်းအားဖြင့် ယောအမျိုးသားနိုင်ငံရေးကို အကောင်အထည်ဖော်ဆောင်ရာတွင် တပ်ဖွဲ့အမည်ဖြင့် ဆက် လက် တည်ရှိရန် မလိုအပ်တော့ကြောင်း ယုံကြည်ကြောင်း အတည်ပြုကာ ယောဒေသပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ -YPDF တပ်ဖွဲ့ကို အပြီးအပိုင်ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ တပ်ဖွဲ့အမည်နာမကို ဖျက်သိမ်းလိုက်သော်လည်း လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက် ဆင်နွှဲနေမည်ဖြစ်ပြီး တပ်ဖွဲ့ဝင်အားလုံးက တော်လှန်ရေး၊ ယောအမျိုးသားနိုင်ငံရေးကို စုစည်းညီ ညွတ်သော အခင်းအကျင်းဖြင့် ပိုမိုကောင်းမွန်သော အရွေ့ကို တက်လှမ်းကာ ဆက်လက်ဆောင် ရွက်နေမည် ဖြစ်ကြောင်း အသိပေးထားသည်။

 

“ဘယ်ဖိအားမှ မရှိပါဘူး။ ကျနော်တို့ရဲ့ မူလရည်မှန်းချက် အမျိုးသားနိုင်ငံရေးကို ပိုမိုကောင်းမွန် အောင် လက်တွေ့ကျကျ ဆောင်ရွက်နိုင်ဖို့ အခုလို ဖျက်သိမ်းရတာပါ၊ လက်နက်က ဆက်လက် ကိုင် စွဲနေအုံးမှာပါ၊ တပ်ဖွဲ့တွေ အမည်နာမ တစ်ခုနဲ့ ပေါင်းစည်းသွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်လာ နိုင်ပါတယ်။ လက်နက်ကတော့ စွန့်လို့မရသေးပါဘူး ။ ဘာလို့ဆို ကျနော်တို့ဒေသက စစ်အာဏာရှင် မကင်းစင်သေးပါဘူး” ဟု ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDF မှ တာဝန်ရှိသူတစ်ဦးက သံလွင်မြန်မာသတင်းဌာနသို့ ပြောကြားသည်။

 

ထို့ကြောင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အမည်ဖြင့် စစ်ရေး၊ နိုင်ငံရေး စသည့် ကိစ္စများတင်မက အလှုခံခြင်း၊ ကမ်ပိန်း၊ မဲများအပါအဝင် ရန်ပုံငွေဆိုင်ရာကိစ္စရပ်များ၊ အခြားသော အလံ၊ အမည်၊ တံဆိပ် အလွဲသုံးစားပြုခြင်းဆိုင်ရာကိစ္စရပ်များနဲ့ ပတ်သက်၍ ယခင်ဗဟိုအလုပ် အမှု ဆောင်ကော်မတီမှ တာဝန်ယူ ဖြေရှင်းသွားမည် မဟုတ်ကြောင်း၊ ယခုကြေငြာချက် ထုတ်ပြန်သည့် အချိန်မှစ၍ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အား အပြီးအပိုင် ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေငြာထားသည်။

 

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) သည် ၂၀၂၁ ခုနှစ်၊ မတ်လကတည်းကစတင်ကာ စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ ယောဒေသ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး တနည်းအားဖြင့် ယောအမျိုးသားနိုင်ငံရေးကို အစဉ်တစိုက် လုပ် ဆောင်ခဲ့သော တပ်ဖွဲ့ဖြစ်ပြီး တော်လှန်ရေးကာလတလျှောက် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးကို တတ်စွမ်းသမျှ လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူလူထု ထိခိုက်နစ်နာစေမည့် အကြောင်းအရာများကိုလည်း အလေးထား ရှောင်ရှားကာ တော်လှန်ရေးယုံကြည်ချက် အပြည့်အဝ ဖြင့် လုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။

 

တပ်ဖွဲ့ရပ်တည်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လမှ ယနေ့အချိန်ထိ တပ်ဖွဲ့အနေဖြင့် အမျိုးသားရေးသာ မက ယောပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေး၊ ကာကွယ်ရေး၊ ရန်သူအင်အားပြုန်း တီးရေး၊ ရန်သူ့လှုပ်ရှားနယ်မြေကျဉ်းမြောင်းရေး စသည့်ကိစ္စများတွင် တတ်အားသမျှ ဆောင်ရွက်ခဲ့ ပြီး ထိုသို့ဆောင်ရွက်ရာတွင် တပ်ဖွဲ့ဝင်ရဲဘော် ၆ ဦးအသက်ပေးလှုသွားခဲ့ပြီး ၃ ဦး ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ကြရကာ ထိခိုက်ဒဏ်ရာရရှိသူလည်း များစွာရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ စွန့်လွှတ်ပေးဆပ်ခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်းနှင့် မိသားစုဝင်များကိုလည်း တပ်ဖွဲ့အနေဖြင့် ဦးညွတ်အလေးပြုအပ်ကြောင်း၊ ထို့အပြင်တပ်ဖွဲ့အား ထောက်ပံ့ကူညီဖေးမခဲ့ကြ သော ပြည်သူလူထုများ၊ တပ်ဖွဲ့ဝင်များ၊ မဟာမိတ်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ၊ ရဲဘော်ရဲဘက်များအားလုံးကို တပ်ဖွဲ့မှ ကျေးဇူးအထူး တင်ရှိပါကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *