Poem

0 0
Read Time:49 Second

ကဗျာကဏ္ဍ “ဝစီဗေဒ”

 

ပျိုးကြဲလက်

 

သူ့စကားကိုလ

နားယောင်ကာ ကြံဆလို့

တယူသန် ဉာဏ်မဝေးနဲ့

တွေးဆကွယ့် ချင့်ယုံ ။

 

ဘုံရန်မှာ စစ်သတင်းနဲ့

မြို့ရွာတွင်း စစ်မက်ဆင်ချိန်မို့

အာဏာရှင် မပြုတ်သေးက

ဒုက္ခဘေးကြုံ ။

 

မိတ်ဖွဲ့ကာ သတင်းနှိုက်ရင်ဖြင့်

စိတ်နွဲ့စွာ အချင်းမိုက်ပါက

သူတိုက်ရင် သေရွာကျပါလိမ့်

ကိုယ့်စီဘဝ အလုံးစုံ

လူတိုင်းယုံကာ မပြောနဲ့ ။

 

အလုပ်အကိုင် ဒေသနဲ့

စစ်သတင်း အထပ်ထပ်ကိုလ

ပါးစပ်တွေ ကိုယ်စီပိတ်လို့

သိုသိပ်ပါကွယ့် ။    ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ည ၉ နာရီ ၉ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *