ပုလောမြို့တွင် စစ်မှုထမ်း စုဆောင်းနေသူ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထွန်းမြင့်နှင့်သား ဖြစ်သူ Non-CDM ဝန်ထမ်း ဝင်းမင်းထွန်းတို့ ပစ်ခတ်ခံရပြီး သေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၁
တနင်္သာရီတိုင်း၊ ပုလောမြို့တွင် စစ်မှုထမ်း စုဆောင်းနေသူ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထွန်း မြင့် နှင့် သား Non-CDM ဝန်ထမ်း ဝင်းမင်းထွန်းတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြိတ်ခရိုင် အ မှတ် ၁ တပ်ရင်းထံမှ သိရသည်။
ဖေဖော်ဝါလ ၂၇ ရက်နေ့ ၆ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် မြိတ်ခရိုင် ပုလောမြို့ အမှတ် ၃ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးထွန်းမြင့်နှင့် သားဖြစ်သူ Non-CDM စာတိုက်စာရေး ဝင်းမင်းထွန်းတို့ကို မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းနှင့် ကရင်အမျိုး သားကာကွယ်ရေ တပ် (KNDO) တပ်ရင်း ၇ ပူးပေါင်း မဟာမိတ်အဖွဲ့များက ၎င်းတို့၏ နေအိမ်သို့ ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ ၂ ဦးလုံးနေရာတွင် သေ ဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထွန်းမြင့်သည် စစ်အာဏာသိမ်းစအချိန် CDM ဝန် ထမ်းများနှင့် မိသားစုဝင်များကို ဖမ်းဆီးရာတွင် ဖက်ဆစ်တပ်နှင့် ပူးပေါင်းခြင်း၊ အမှတ် ၃ ရပ်ကွက် အတွင်းရှိ လယ်ယာမြေများကို အိမ်ရာကွက်များ ဖော်ဆောင်ကာ ရောင်းစားခြင်း၊ လူငယ်များကို စစ်မှုထမ်းရမည်ဟု လိုက်လံ ခြိမ်းခြောက်ခြင်း၊ ငွေညှစ်ခြင်း၊ အတင်းအဓမ္မ စစ်မှုထမ်းအဖြစ် သွတ် သွင်းခြင်းတို့ကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ သေဆုံးသူ အုပ်ချုပ်ရေးမှူး ထွန်းမြင့်၏ သားဖြစ်သူ ဝင်းမင်းထွန်းသည်လည်း CDM ဝန် ထမ်းများနှင့် တော်လှန်ရေးရဲဘော်များ၏ မိသားစုဝင် နေအိမ်များကို ကိုယ်တိုင် လိုက်ပြခြင်း၊ ဖက် ဆစ်တပ်နှင့် ပူးပေါင်းကာ လိုက်လံဖမ်းဆီးခြင်း၊ စစ်မှုထမ်းစာရင်း စုဆောင်းနိုင်ရေးအတွက် အိမ် ထောင်စုစာရင်းများ ကောက်ယူခြင်းကို လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ပုလောမြို့နယ်အတွင်း ကျန်ရှိနေသည့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်တပ်၏ အုပ်ချုပ်ရေး ယန္တရားဆက်လက်လည်ပတ်စေရေး ကူညီပေးခြင်း၊ လူငယ်များကို အတင်းအဓမ္မ စစ် မှုထမ်းစုဆောင်းတို့ကို ဆက်လက် လုပ်ဆောင်ခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိသူများအား အပြင်း ထန်ဆုံး အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media