Tanintharyi News

0 0
Read Time:3 Minute, 10 Second

သရက်ချောင်းတွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်မှု ဗိုလ် မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်သား ၃၀ ကျော်သေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၁

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီးအ လုံး ၁၀၀ ကျော်ကျဲချတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး၊ ဗိုလ်ကြီးအပါအဝင် စစ်သား ၃၀ ကျော်သေဆုံးခဲ့ ကြောင်း Dragon Squad တပ်ဖွဲ့မှ ထုတ်ပြန်သည်။

 

ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ သရက်ချောင်းမြို့နယ်အတွင်းရှိ ပန်းပြင်၊ ပိန်းတော၊ မဲ နယ်အိုး ၊ ရွေဂူ ၊ ရန်တောင်၊ ဥတ္တူ၊သရက်နှစ်ခွ ၊ စသည့် ကျေးရွာတို့တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် အကြိမ်ရေ ၅၂ ကြိမ်၊ ဗုံးသီးအလုံး ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း ဗိုလ်မှူး၊ ဗိုလ်ကြီးများအပါအဝင် စစ်သား ၃၀ ကျော်‌ သေ ဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ပန်းပြင်ကျေးရွာသို့ ဝင်ရောက်လာသော စစ် ကြောင်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၆ ရက်၊ ၁၇ ရက်နေ့တွင်လည်း ယင်း အကြမ်းဖက်စစ်သားများကို ထပ်မံ၍ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ဖေဖော်ဝါရီလ ၁၉ ရက် နေ့မှ ၂၄ရက်နေ့အထိ အမှတ် ၈ လမ်းမပေါ်ရှိ ဆက်ကြေးကောက်ခံနေသော သရက်နှစ်ခွ ဂိတ် ၊ ရွေဂူဂိတ်တို့ကို ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဥတ္တူကျေးရွာ၌ ရောက်ရှိနေသော စစ်ကြောင်း တစ် ကြောင်းလုံးကို တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများအတွင်း ဗိုလ်မှူး၊အရာရှိ အပါ အဝင် စစ်သား ၃၀ ကျော်သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ MA 10 RPG အမျိုး အ စား သေနတ် ၁ လက် ၊ MA1 အမျိုးအစား သေနတ် ၂ လက်၊ MG3 အမျိုးအစား သေနတ် ၁ လက် နှင့် အခြားစစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုများကို တိုင်းစစ်ဌာန၏ လက်ရုံးဒရုန်းတပ်ဖွဲ့ဖြစ်သည့် Dragon Squadမှ ဦး ဆောင်မှုဖြင့် မဟာမိတ်ပူးပေါင်းဒရုန်းတပ်ဖွဲ့များဖြစ်ကြသော ဒေါင်းညီနောင် ဒရုန်းတပ်ဖွဲ့၊T5 wings ၊ DEF Drone Force ၊DGRF Drone Force မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၃ ဦးကျဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *