Magway News

0 0
Read Time:3 Minute, 56 Second

ရေစကြို့၊ ရေလယ်ကျွန်းဒေသတိုက်ပွဲတွင် ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၉ ဦး ထက်မနည်း သေ ဆုံး ပြီး ၉ ဦးအရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်ရရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၁

 

မကွေးတိုင်း၊ ရေကြိုနယ်၊ ရေလယ်ကျွန်းဒေသတိုက်ပွဲတွင် ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၉ ဦး ထက် မနည်း သေဆုံးပြီး ၉ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၈ နာရီခန့်က ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း၊ ရေ လယ် ကျွန်းဒေသသို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက် စစ်ကြောင်းကို Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များမှ ကြားဖြတ်တိုက်ခိုက်ချေမှုန်း ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း ဗိုလ်ကြီးအဆင့်ရှိသူ စစ်ကောင်စီတပ်သား အလောင်း ၁ လောင်းအပါအဝင် ၉ လောင်း၊ ၆၀ မမ လက်နက်ကြီး ၁ လက်၊ RPG- 7 ၁ လက် အပါအဝင် လက်နက်ငယ် အချို့နှင့် အ ခြား ခဲယမ်းဆက်စပ်ပစ္စည်းအချို့အား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်သား ၉ ဦး အရှင်ဖမ်းမိ ခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီ တပ်သား ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲကတော်တော်ဆော်လိုက်ရတယ်။ ကိုယ့်ဘက်က အသာစီးရတာ။ ကျနော်တို့ ကျားမဲက ရဲ ဘော် ၂ ယောက်ဒဏ်ရာရထားတယ်၊ တခြားမဟာမိတ်အဖွဲ့တွေမှာလည်း ဒဏ်ရာရတာရှိတယ်၊ လက်နက်ခဲယမ်းရရှိမှုနဲ့ စစ်သုံ့ပန်းတွေဖမ်းဆီးရရှိမှုက ကျနော်တို့ တာဝန်ယူထားတဲ့ ပွိုင့်ကဖြစ် ပါတယ်၊ တခြားမဟာမိတ်ပွိုင့်တွေမှာ စကစတွေ ထိခိုက်သေဆုံးမှုက ရှိသေးတယ်။ ဆေးရုံပေါ်မှာ လည်း သေဆုံးဒဏ်ရာရတာတွေတော်တော်များတယ်လို့ သိရတယ်။ ဘယ်နှစ်ဦးသေတယ်၊ ဘယ် နှစ်ဦးဆေးကုနေတယ်တော့ အတိအကျမသိရသေးဘူး။ စခတွေထဲမှာရှိတဲ့ တပ်ကြပ်ကြီးက ဦး ဆောင်ပြီးတော့ နာရေးကိစ္စတွေ၊ မုန့်ဟင်းခါးတိုက်ကျွေးမယ့်ကိစ္စတွေလုပ်နေတာလို့ သိရတယ်။ အခုထုတ်ပြန်တာက မျက်မြင်တွေပဲ ထုတ်ပြန်ထားတာပါ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

မြေပြင်တွင် ယှဉ်ပြိုင်နိုင်စွမ်းမရှိသော အကြမ်းဖက်စစ်ကောင်စီတပ်သည်Jet-Fighter ဖြင့် တစ်ကြိမ်၊ Mi-35 ဖြင့် ပစ်ကူပေးတိုက်ခိုက်ကာ ပြန်ဆုတ်သွားကြောင်း၊ ယင်းတိုက်ပွဲအတွင်း MBTတပ်ဖွဲ့မှ ရဲ ဘော် ၂ ဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့အပါအဝင် မြောင်တပ်ပေါင်းစု ၊ Royal Brother Defence Force (RBDF) ၊ သွေးသောက်တပ်ဖွဲ၊​ရေစကြိုမြို့နယ် (ပလဖ) ၊ MSPDF နှင့် အ ခြား ညီနောင်မဟာမိတ်များစွာ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စည်းလုံးညီညွတ်မှုရှိရှိဖြင့် ပူး ပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြသော မဟာမိတ်များ၏ ဇွဲ၊လုံလနှင့် သတ္တိအား အထူးပင် လေးစားဂုဏ် ပြုပါကြောင်း MBT တပ်ဖွဲ့က အသိပေးထားသည်။

 

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က ရေစကြိုမြို့၊ ငြိမ်းဇာနည်စခန်းအရှေ့ဘက် သောင်ခုံပေါ်တွင် အင်အားအများအပြားဖြည့်တင်းထားပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *