Read Time:48 Second
ကဗျာ ကဏ္ဍ “သူ့ဝန်”
ပျိုးကြဲလက်
ဘုံဘဝမှာဖြင့်
ဆုံရတဲ့ လူ့အာဏာ ။
စားဝတ်နေ အခြေမဲ့ပေမယ့်
အများဝတ်ကျေ အသရေ မငဲ့ပါဘု
စေတနာနဲ့ ပြည်ကျိုးဆောင်လို့
သူ့ဂုဏ်ရောင် ဘယ်မညှိုးတာက
မျိုးရိုးလိုက်မှာ ။
ခြံတိုက်တာ ငွေဂုဏ်မောက်ရင်ဖြင့်
စံကိုက်စရာ လေကုန်လောက်ပါဘိ
မြှောက်သူသာ ဖတ်ဖတ်မောလို့
အတ္တကြော မျောချိန်ခါ
လူ့သိက္ခာ ပျောက်ဆုံး ။
အတိတ်ကံ ဘဝပေးလို့
ပြည့်အရေးကို ဆောင်ခွင့်ရရင်ဖြင့်
မျှတစွာ ကိုယ်ကျင့်တရားနဲ့
ဖေးမကျင့်သုံး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၃ နာရီ ၆ မိနစ်
Thanlwin Myanmar Media