ကော့ကရိတ်မြို့နယ်၊ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ အောင်ဇေယျစစ်ကြောင်းကို ထိုးစစ်ဆင် တိုက် ခိုက်ခဲ့ရာ စစ်သား ၇ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Southern Eagle PDF တပ်ဖွဲ့က ထုတ်ပြန် သည်။
ဖေဖော်ဝါရီလ ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်က ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ အောင်ဇေယျ စစ်ကြောင်းနေရာယူထားရာနေရာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို နယ်မြေခံ မဟာမိတ် တပ်များနှင့် P29909 Southern Eagle PDF တပ်ရင်း တပ်ခွဲ ၃Tiger Dragon Revolution Force (မိုင်းတွဲဘက်) ၊ Special Operation Force (SOF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး P29909 Southern Eagle PDF တပ်ရင်း ၊ တပ်ခွဲ ၃ Tiger Dragon Revolution Force မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။
နိုင်ငံတစ်ဝှမ်း စစ်အရှုံးကြီး ရှုံးနေသော ဖက်စစ်တပ်က အနီးအနားရှိ ကျေးရွှာများအား လက်နက် ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသော နေရာများသို့ တိမ်းရှောင်နေကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။
Thanlwin Myanmar Media