ရေစကြိုမြို့မှ မြောင်မြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး ၆ ဦးကို စိန်ပြောင်း၊ အာပီဂျီလက်နက်များပါ ၄ လက်နှင့်အတူ ဖမ်းမိ (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၈
မကွေးတိုင်း၊ ရေစကြိုမြို့မှ မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းကို အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိခဲ့ ကြောင်း မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (MCRF) ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၃ နာရီခန့်က ရေစကြိုမြို့မှ အင်အား ၁၆၀ ခန့်ဖြင့် ချင်းတွင်းမြစ် ကြောင်း အတိုင်း စက်လှေဖြင့်ကူးလာကာ ရေစကြိုမြို့နယ်နှင့် မြောင်မြို့နယ်အစပ်သို့ စစ်ကြောင်း ထိုးဝင်ရောက်လာခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး အသင့်စောင့် ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အထိနာသော စစ်ကောင်စီစစ်တပ်က တိက်လေယာဉ် ၁ စီး၊ Mi 35 ရဟတ်ယာဉ် ၁ စီးဖြင့် ဗုံးကြဲပစ်ကူပေးတိုက်ခိုက်ခဲ့သည့်အပြင် ရေစကြိုမြို့ပေါ်မှာလည်း ဟောင်ဝှစ်ဇာ အမြောက် များဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်အတွင်း စစ်ကောင်စီတပ်သား အလောင်း ၅ လောင်းတွေ့ရှိပြီး စစ်သား ၆ ဦးကို အရှင်ဖမ်း မိခဲ့သည့်အပြင် ၆၀ မမ စိန်ပြောင်း ၁ လက်၊ RPG-7 ၁ လက်၊ MA-3 အမျိုး အစား သေနတ် ၁ လက်၊ G-3 အမျိုးအစေား သေနတ် ၁ လက်နှင့် အခြားစစ်ခွေးအသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရ ရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) ၊ မြင်းမူမြို့ ပြတော်လှန်ရေးအဖွဲ့ (MCRF) ၊ စစ်ကိုင်းခရိုင် ပ.လ.ဖ ၊ ဆင်ရိုင်းစစ်ကြောင်း(မြောင်) ၊ ကျေးရွာတပ် ပေါင်းစု ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၁) ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၂) ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၄) ၊ မြောင် တိုက်နယ် (၆) ပ.က.ဖ ၊ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ၊ Wolf Brother ၊ ကျောက်ဆည် နဂါး နီ ၊ Liberation Army of Central Region ၊ 8 Stars ၊ Taloke PDF ၊ ဒေါင်းစစ်သည် ၊ Myaung Union Army ၊ ဝရဇိန်ထုတ်လုပ်ရေး ၊ ဒေါင်းညီနောင် နှင့် မြင်းခြံမြို့နယ် ပ.က.ဖ တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Medai