ချောက်မြို့နယ်၊ အမှတ် ၃ လမ်းမကြီးပေါ်တွင် ဆက်ကြေးတက်ကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦး ထက်မနည်းသေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၈
မကွေးတိုင်း၊ ချောက်မြို့နယ် ၊ အမှတ် ၃ လမ်းမကြီးပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Chauk Guerrilla Force – C.C.F ထံမှ သိရသည်။
ယနေ့ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ က ချောက်မြို့နယ် ၊ အမှတ် ၃ လမ်းကြီးပေါ် တွင် အင်အား ၁၀ ဦးခန့်ဖြင့် ပေါ်တာဆွဲ၊ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထက်နည်းသေဆုံးပြီး ၃ ဦး ထက်မနည်း အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ထွက်လာတာက မြဝတီ အသံလွှင့်ရုံစစ်ဆေးရေးဂိတ် နဲ့ ဂွေးပင်ရဲစခန်းက ဖြစ်လိမ့်မယ်။ ကျနော်တို့ ဘက်က မိုင်းဆွဲတိုက်ခိုက်လိုက်တဲ့အချိန်မှာ လမ်းပေါ်မှာ ဖြန့်ထားတဲ့သူတွေက ပြန်ပစ်တာမျိုးတွေရှိ တယ်၊ မသေတဲ့သူတွေက ပြန်ပစ်တာကြောင့် လက်နက်ဝင်ကောက်ဖို့က အဆင်မပြေခဲ့တာ။ ခြေ ပြတ်၊ လက်ပြတ်တွေဖြစ်တာတော့ မြင်လိုက်ရတယ်။ လမ်းမတလျှောက်လုံး အင်အားဖြန့်ထားတဲ့ အတွက် ပြန်ဆုတ်ခဲ့ရတာ။ ထိတာတော့ တော်တော်လေးထိတယ်။ ၂ ဦးထက်မနည်းသေဆုံးတယ်၊ သေဆုံးဒဏ်ရာရတာတွေကို ချောက်နဲ့ ရေနံချောင်းကို မသယ်ဘူး။ ကျောက်ပန်းတောင်းဘက်ကို သယ်သွားတယ်လို့ ယူဆရတယ်” ဟု Chauk Guerrilla Force – C.C.F တာဝန်ခံ Ko Paing က ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force (C.G.F) ၊ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ချောက်ပကဖ) ၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့နှင့် အာဠာဝက မြို့ပြပြောက် ကျားတပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအ ခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media