Karen State News

0 0
Read Time:2 Minute, 51 Second

ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစခန်းကို ပိတ်ဆို့ထား၊ စစ်တပ် ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ရဟန်း ၂ ပါး အပါအဝင် ပြည်သူ ၁၀ ဦးဒဏ်ရာရ၊ ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပျက်စီး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၈

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ထားပြီး စစ်တပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ရဟန်း ၂ ပါး အပါအဝင် ပြည်သူ ၁၀ ဦးဒဏ်ရာရ၊ ဘုန်းကြီး ကျောင်းနှင့်နေအိမ်များ ပျက်စီးခဲ့ကြောင်း နဂါးနီစစ်ကြောင်းထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစခန်းမှ ဗျူဟာမှူး ဝနလှိုင်နှင့်အဖွဲ့အား Mi 17 ရဟတ်ယာဉ်ဖြင့် လူချိန်းရန် လာရောက်သဖြင့် တော်လှန်ရေး တပ်ဖွဲ့ များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ်မှာ မြေပြင်သို့ ဆင်းသက်နိုင်ခြင်းမရှိပဲ လှည့်ပြန်သွား ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အနန်းကွင်းကျေးရွာ၊ ပန်းအောင်ကျေးရွာ၊ ခုနှစ်ဝါ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီမှ Jet Fighter ၂ စီး၊ Y 12 ၁ စီး ဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ကြောင်း၊ စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပန်းအောင်ကျေးရွာမှ ရဟန်းသံဃာ ၂ ပါး နှင့် ရွာ သား ၅ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရွာဘုန်းကြီးကျောင်းအဆောင်များ ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

အလားတူ ခုနှစ်ဝါ (ခ) မောထီးကျေးရွာ၌လည်း အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကာ နေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အနန်းကွင်းဗျူဟာစခန်း၌ ဗျူဟာမှူး ဝနလှိုင်အပါအဝင် အင်အား ၂၀၀ ကျော်ခန့် ရှိနေပြီး လက်ရှိ နောက်ဆုံးအခြေအနေအထိ တော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့ထားဆဲဖြစ်ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီတပ်သားများမှာ စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် ကျေးရွာများကို လူမဆန် စွာ လေကြောင်းဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန် ပြောဆိုထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *