Sagaing News

0 0
Read Time:2 Minute, 33 Second

နမခ တိုင်းမှူး မျိုးမင်းထွေး လိုက်ပါလသည့် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးအပြင်း အထန် ဒဏ်ရာရ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၈

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာတွင် နမခ တိုင်းမှူး မျိုးမင်းထွေး လိုက်ပါလာသည့် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၂၅ ရက် ည ၇ နာရီ ၁၅ မိနစ်က မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာတွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ အိမ်စီးကား ၅ စီးဖြင့် ပြန် လာသည့် စစ်ကိုင်းတိုင်း စစ်တိုင်းမှူးနှင့်အဖွဲ့ကို ပဒေသာမိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တတိ ယ မြောက်ကားကို ထိထိမိမိ ထိမှန်ခဲ့ပြီး ကားပေါ်ပါ စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“တိုင်းမှူးဒဏ်ရာရတယ်လို့ မကြားမိဘူး။ တိုင်းမှူးက ဒုတိယမြောက်ကားမှာပါသွားတာဆိုတော့။ ထိတာက တတိယမြောက်ကားကို တည့်တည့် ထိမှန်အောင် ဆွဲနိုင်ခဲ့တာ။ ကားကိုထိပြီးတော့ ကျ နော်တို့ဘက်က ချုံခိုတိုက်ခိုက်မှာတွေ စိုးရိမ်တဲ့အတွက် စွမ်းရည်ဆီဆိုင်အထိမောင်းသွားတာ၊ အဲဒီ မှာတော့ ရပ်တယ်။ နောက်ဆက်တွဲသတင်းအနေနဲ့ကတော့ စစ်ကောင်စီတပ်သား ၃ ဦးအပြင်း အထန် ဒဏ်ရာရတယ်လို့ပဲ သတင်းရရှိထားတယ်။ စစ်ကောင်စီအထိုင်ချထားတဲ့ နတ်ရေကန်ဘက် ကနေ လက်နက်ကြီးတွေနဲ့ လှမ်းထုတာမျိုးတော့ရှိတယ်” ဟု Royal Tiger Force ပြောက်ကျား တပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ နှင့် Nway Oo Brothers Column (နွေဦးညီအကိုများစစ်ကြောင်း)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *