ချင်းကောင်စီ ၂ ဖွဲ့ပူးပေါင်းလိုက်သည့်အပေါ် NUG အစိုးရက ကြိုဆိုလိုက်ပြီး ချင်းအမျိုးသား ဖွဲ့ စည်းပုံ အခြေခံဥပဒေတစ်ရပ် ရေးဆွဲကာ လက်တွဲညီညီချီတက်ကြရန် တိုက်တွန်း
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၈
ချင်းပြည်(Chinland)ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) တို့ ပူးပေါင်းလိုက်သည့်အပေါ် NUG အစိုးရက ကြိုဆိုလိုက်ပြီး ချင်းအမျိုးသား ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ် ရေးဆွဲကာ လက်တွဲညီညီချီတက်ကြရန် တိုက်တွန်းသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ချင်းပြည်သူတစ်ရပ်လုံး၏ ရေရှည်အနာဂတ် အကျိုးကို မျှော်ရည် လျက် ချင်းအမျိုးသားနိုင်ငံရေး ဦးဆောင်အဖွဲ့များဖြစ်ကြသည့် ချင်းပြည် (Chinland)ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တိုအကြား သဘောတူညီချက်များ ရယူ နိုင်ခဲ့ပြီး ချင်းပြည်သူတစ်ရပ်လုံးကို လွှမ်းခြုံကိုယ်စားပြုမည့် “ချင်းအမျိုးသားကောင်စီ” ဟူသော ကောင်စီတစ်ရပ် တည်ထောင်ရန်အတွက် သဘောတူညီမှု ရရှိခဲ့ခြင်းအပေါ် အမျိုးသားညီညွတ် ရေး အစိုးရက လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုပါကြောင်း NUG က ပေးပို့သည် သဝဏ်လွှာ၌ ဖော် ပြထားသည်။
ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲစည်းရန်သဘောတူညီ ခဲ့ကြခြင်း မှာ လည်း ချင်းအမျိုးသားတစ်ရပ်လုံးနှင့် အနာဂတ်ပြည်ထောင်စုအတွက် အတိုင်းထက် အလွန် ဝမ်း မြောက်ဖွယ်ဖြစ်ပါကြောင်း ထပ်လောင်းပြောဆိုထားသည်။
အယူအဆ၊ သဘောထားကွဲလွဲခဲ့မှုများ ရှိခဲ့သော်လည်း ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိင်း အဖြေရှာခဲ့သည့် ချင်းနိုင်ငံရေးဦးဆောင်အဖွဲ့နှစ်ခု၏ နိုင်ငံရေးသဘောထားကြီးမှုသည် ပြည်သူ့နွေဦး တော်လှန်ရေး တွင် ပါဝင်နေသော တော်လှန်ရေးအင်အားစုများအတွက် ဒီမိုကရေစီအလေ့ အကျင့်ကောင်းအဖြစ် အလေးအနက် စံပြုထိုက်ဖွယ် ဖြစ်သည်ဟု ဆိုသည်။
နွေဦးတော်လှန်ရေးစတင်သည့် အချိန်မှစ၍ ချင်းလူမျိုးများသည် မတရားစစ်အာဏာသိမ်းမှုကို ဆန့် ကျင်၍ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးအတွက် စွန့်လွှတ်ပေးဆပ်မှုများစွာ၊ အနစ်နာခံ မှုများစွာဖြင့် တော်လှန်တိုက်ပွဲဝင်နေကြသည်ကို လေးစားဂုဏ်ယူဖွယ်ရာ တွေ့မြင်ရပြီးဖြစ်ကြောင်း အသိပေးထား သည်။
အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းစေမည့် အဆုံးသတ် တော်လှန်ရေးကို ဆင်နွှဲရာ၌ တော်လှန်ရေးအင်အားစုများအကြား၊ လူမျိုးစုများအကြား နားလည်ယုံ ကြည်မှု၊ သဘောထားကြီးမှုနှင့် အားကောင်းသည့် စုစည်းညီညွတ်မှုများ ခိုင်မာစွာ တည်ရှိနေရန် လို အပ်ကြောင်း NUG အစိုးရက ဆက်လက်ပြောဆိုထားသည်။
ယခုကဲ့သို ချင်းအမျိုးသားနိုင်ငံရေးဦးဆောင်အဖွဲများ စည်းလုံးညီညွတ်စွာ ပေါင်းစည်းပြီး “ချင်းအမျိုး သား ကောင်စီ” အုတ်မြစ်အား ခိုင်မာမြဲမြံစွာ ချမှတ်နိုင်ခဲ့မှုမှ အစပြု၍ ချင်းပြည်သူတစ်ရပ်လုံး အ တွက် တရားမျှတမှု၊ လွတ်လပ်မှု၊တန်းတူညီမျှမှု ၊ ကွဲပြားစုံလင်မှုအပေါ် လက်ခံနိုင်မှု စသည်တို့အား အခြေခံသည့် ချင်းအမျိုးသားဖွဲစည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲကာ အနာဂတ် ဖက်ဒရယ်ဒီမို ကရေစီ ပြည်ထောင်စုသစ် တည်ဆောက်နိုင်သည့်တိုင်အောင် အတူတကွ လက်တွဲချီ တက်ရန်အမျိုး သား ညီညွတ်ရေးအစိုးရက တိုက်တွန်းထားသည်။
Thanlwin Myanmar Media