Read Time:55 Second
ကဗျာကဏ္ဍ “ဇီဝိတဒါန”
ပျိုးကြဲလက်
တောအစပ်မှာလ
နေရပ်ကယ် တည်ထောင်
စစ်ဘေးကိုရှောင်
မလုံပေါင် ယာယီတဲငယ်နဲ့
ဗုံးကြဲတဲ့ သည်ချိန်ခါ
ကူကယ်ရာ အဖန်ဖန်မဲ့ပြန်ပေါ့
ခံလှည့်မို့ မနွဲ့သာတယ်
ကံကြမ္မာရယ် တကယ်နုံချာလှတယ်လေး ။
စားစရာ ဝတ်ဗလာနဲ့
ခြုံစောင်မှာ စုံအောင်မငပါဘု
လူ့ဘဝနယ်ပယ်
ယခုမှ ဂုဏ်ငယ်ရပါဘိ
ဆေးဝယ်စရာ တကယ်ခက်ပါလို့
သေရော့ဟယ် ရမ်းသမ်းပစ်ရင်ဖြင့်
စစ်သူပုန်ရဲ့ သဘာဝ
အချစ်ကုန်ပဟဲ့ ထာဝရဟာမို့
ဖေးမတယ် တို့သွေးချင်းတွေက
ရိုင်းပင်းကာ အကျိုးဆောင်ပြန်တော့
စစ်ရှောင်ကို ကိုယ်စီထလို့
လှူကြတယ်လေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် ညနေ ၆ နာရီ ၅၆ မိနစ်
Thanlwin Myanmar Media