ချောင်းဦးမြို့နယ်၊ နတ်ရေကန်အထိုင်စခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၇
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်အထိုင်စခန်းမှ ထွက်လာသော အကြမ်းဖက်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၁၂ ၊ တပ်ခွဲ ၃ – လျှပ်စီးတပ်ခွဲထံ မှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်စစ်တပ် အထိုင် စခန်းမှ အင်အား ၄၀ ခန့်သည် မုံရွာမြို့မှ ထွက်လာသည့် ကြေးနီတင်ကား၊ စစ်သားများလိုက်ပါလာ သည့် သံချပ်ကာ ကားများကို လုံခြုံရေးယူပေးရန် မုံရွာ -မန္တလေးလမ်းမကြီးပေါ်သို့ ခရီးသည်တင် ကား ၂ စီးဖြင့် ထွက်လာခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်လာသည့် စစ်သားများသည် ချောင်းဦး -မြင်းမူလမ်းပိုင်းတနေရာတွင် အသင့်နေရာယူ စောင့်နေသော တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရှိရာနေရာသို့ အနီးကပ်ရောက်ရှိလာသဖြင့် စတင်ပစ် ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း ၊ တပ်ခွဲ ၃ -လျှပ်စီးတပ်ခွဲမှ ရဲဘောများ၊ Nway Oo Brothers Column ၊ မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း၊ တပ်ခွဲ -၃ နှင့် Eleven People Defense Force တို့ အတူတကွ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန် လည်ဆုတ်ခွာစဉ် Nway Oo Brothers Column မှ ရဲဘော်တစ်ဦး ခြေထောက် ထိမှန် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media